วันเสาร์ที่ 28 กันยายน พ.ศ. 2556

နိုင်ငံတော်သည် နိုင်ငံသားများ၏အရေးကိုဆောင်ရွက်သည်

ထိုင်းနိုင်ငံသို့ရောက်ခဲ့စဉ်။
ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ပြည်သူ့လွတ်တော်အဖွဲ့ဝင်များရောက်ရှိလာကြသည်
မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင်  နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းလုပ်ဆာင်နိုင်မည့်
နည်းစနစ်များရှာဖွေမှု့နှင့်အတူ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသော မြန်မာအလုပ်သမားများအရေးကို
လည်းအလေးပေးဆောင်ရွက်နိုင်ရန်လည်းစုံစမ်းလေ့လာသွားသည်ကိုတွေ့ရသည်။ ထိုမှတဆင့်ထိုင်းနိုင်ငံ
အတွင်း စီးပွါးရေး၊လူမှု့ရေး၊ပညာရေး စသောအချက်များနှင့်ပြည့်စုံနေကြသော မြန်မာလူမျိုးများနှင့်သံရုံး
တွင်တွေဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ကူညီဆောင်ရွက်ရေး လမ်းဖွင့် အကူ
အညီ-အကြံဥာဏ်များဖလှယ်ခဲ့ကြသည်ကိုတွေ့ရပါသည်။
ထိုအခါတွင် စာရေးသူ ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံတော်မှ
သက်သေခံအထောက်အထားများထုတ်ပေးရေး ကအချိန်ကိုပြန်သတိရမိသည်။
ထိုအချိန်က ထိုင်းနိုင်ငံအတွင်းတရားမ၀င်ရောက်ရှိနေကြသောမြန်မာအလုပ်သမားများအား-
(၂၁-၆-၂၀၀၂)ခုနှစ်ချင်းမိုင်မြို့တွင်ပြုလုပ်သော မြန်မာ-ထိုင်းနှစ်နိုင်ငံအစည်းအဝေးဆုံးဖြတ်ချက်အရ
မြန်မာအလုပ်သမားများအကြားသတင်းကျယ်ပြန့်ရန်နှင့်ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် မိမိဆောင်ရွက်ပေးခဲ့ရပါသည်။ ထိုသို့ဆောင်ရါက်ရာတွင်လည်းနယ်မြေခံ အလုပ်သမားဝန်ကြီးဌာနများ
နယ်မြေခံ လ၀ကများပါ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာအလုပ်သမား(၂၀၀၀)ကျော်ရှိသော
ဆီအုန်းစက်ရုံတရုံတွင် ရှင်းလင်းအပြီး ရှေ့တန်းမှထိုင်နေသောအလုပ်သမားထဲမှတဦးကထပြီး-
အန်ကယ်ပြောတာတော့နားထောင်လို့ကောင်းပါတယ် ကျနော်တို့မြန်မာအစိုးရကို မယုံဘူး- ဟုပြောဆိုပြီး
ထ-ထွက်သွားပါတယ်။   မြန်မာအများရှေ့မှာ ပြုမူခြင်းဖြစ်၍ စိတ်မကောင်းဖြစ်ခဲ့ရပါသည်။  သူတို့ပြောသည့်အချိန်၊သူတို့ခံစားခဲ့ရသည့်ကာလကလည်းမှန်ပါသည်။တရားမ၀င်နယ်စပ်ကိုဖြတ်
ကျော်ဝင်ရောက်လာခဲ့ကြသည့်အချိန်ကတည်းက ခါးသီးတဲ့ခံစားမှု့တွေကိုထိုမြန်မာအလုပ်သမားများ
ခံစားလာကြရပြီး စိတ်ဝေဒနာ ခံစားနေကြရတာပါ။ထိုနောက်သူတို့ထိုင်းနိုင်ငံရောက်
ခဲ့ကြရာ မြန်မာနိုင်ငံ၏ပြောင်းလဲလာမှု့ကိုမလေ့လာနိုင်၊၀မ်းရေးအတွက်လေ့လာရန်လည်းအချိန်မပေးနိုင်
ကြတော့ပေ။ သူတို့လေးတွေမှာအပြစ်မရှိပါ ဘယ်သူမဆိုကိုယ်အိမ်ကိုယ်ရွာသာနေလိုကြသည်ဓမ္မတာ-
သို့သော်(၃)လလောက်အကြာတွင်ထိုအလုပ်သမားများယာယီနိုင်ငံကူးလက်မှတ်ထုတ်ယူနေ
သည်ကိုမြင်တွေ့ခဲ့ရပါသည်။ယခုကဲ့သို့နိုင်ငံတော်သည်နိုင်ငံသားများအရေးအတွက်
ဆောင်ရွက်နေကြောင်း (၃)သန်းနီးပါးသောအလုပ်သမားများအကြားသိရှိသွားနိုင်ပါက   ဖခင်ရင်းအပေါ်အချစ်ပြန်ပိုလာမှာမုချမသွေပါ။

วันอังคารที่ 24 กันยายน พ.ศ. 2556

စူရပ်ဌာနီခရိုင်၊အဝေးသင်ကျောင်းတွင် ထိုင်းကျောင်းသား/ကျောင်းသူများအား မြန်မာစာ သင်ကြားပေးခဲ့စဉ်



ထိုင်းကျောင်းသား/ကျောင်းသူများအား မြန်မာစာသင်ကြားပေးစဉ်က အမှတ်တရ-

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားဧ၊် သားသမီးများ အတွက်မြန်မာကျောင်း ဆောက်လုပ်နေစဉ်


ကျောင်း(၁၅-၉-၂၀၁၃)နေ့အထိပြီးစီးမှု့ အခြေအနေကျောင်းဖြစ်မြောက်ရေးကော်မတီ
ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းဆောင်လုပ်နေသော  မြန်မာကျောင်း (9-11-2013)နေ့အထိ
ဆောက်လုပ်ပြီးစီးမှု့အခြေအနေ။   (၂၀-ကိုက်*၁၅ ကိုက်) နှစ်ထပ်ကျောင်းဆောက်လုပ်ပြီးစီးလျှင်
3080000-ဘတ်ကုန်ကျမည်ဖြစ်သည်။

วันอาทิตย์ที่ 8 กันยายน พ.ศ. 2556

သံဃာတော်များသီးတင်းသုံးရန်နှင့် မြန်မာအလုပ်သမားကလေးများပညာသင်ကြားနိုင်ရန်-


ထိုင်းနိုင်ငံ၊စူရပ်ဌာနီမြို့တွင် မြန်မာအလုပ်သမားများစုပေါင်းအလှူငွေ ဖြင့် ဆောက်လုပ်နေသော
မြန်မာကျောင်း (၇-၉-၂၀၁၃)နေ့အထိ အခြေအနေ။ အလျား(၂၀)ကိုက် နှင့် အမံ(၁၅)ကိုက် ရှိပါသည်။


မြန်မာအလုပ်သမားများစုပေါင်းကျိုးစားမှု့ဖြင့် ထိုင်းနိုင်ငံတွင် မြန်မာကျောင်း တကျောင်းပေါ်ပေါက်လာတော့မည်ဖြစ်သည်။ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနေနှင့်လည်း
အချင်းချင်းစည်းရုံးကြပြီး၊ကိုယ်ကျင့်တရားကောင်းအောင်၊မှန်တာကိုကိုဆောင်ရွက်နိုင်ပြီး မှားတာကိုပြုပြင်
နိုင်အောင်းကျိုးစားလျှက်နေထိုင်ကြရမည်သာ-  ဥပဒေတွင် ကျူးလွန်လျှင်အပြစ်ရှိသကဲ့သို့ ပျက်ကွက်လျှင်
လည်းအပြစ်ရှိပါသည်။