วันเสาร์ที่ 30 พฤศจิกายน พ.ศ. 2556
မြန်မာ+ထိုင်း သံတမန်ဆက်ဆံရေး(၆၅)နှစ်ပြည့်-
22.11.2013 နေ့ နေပြည်တော်ရှိ MICC ခမ်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော မြန်မာ+ထိုင်း
သံတမန်ဆက်ဆံရေး(၆၅)နှစ်ပြည့် အခမ်းအနား အမှတ်တရ မှတ်တမ်း။
วันจันทร์ที่ 18 พฤศจิกายน พ.ศ. 2556
အပြောင်းအလဲ
15-17 May 2012 နေ့များတွင် မြန်မာနိုင်ငံ အင်းလေးတွင် မြန်မာ+ထိုင်း အလုပ်သမားဝန်ကြီးများအစည်းအဝေး။
မြန်မာနိုင်ငံအပြောင်းအလဲကာလတွင် ထိုင်းနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာအလုပ်သမားများ၏
အနာ၈တ်ကိုလည်းထည့်တွက်ရန်လိုပေသည်။ မြန်မာနိုင်ငံတွင်လည်း လူမှု့ဝန်ဆောင်အဖွဲ့အစည်းများ
များစွာပေါ်ထွန်းဖို့လိုသကဲ့သို့ နိုင်ငံတော်မှလည်း ထိုက်သင့်သလို ၄င်းအဖွဲ့အစည်းများကို ပံ့ပိုးပေးရန်လိုမည်
ဖြစ်သည်။ ထိုလူမှု့ဝန်ဆောင်အဖွဲ့အစည်းများကလည်း အခြားသြဇာလွှမ်းမိုးခံအဖွဲ့မဖြစ်ရန်လိုပေသည်။
ထိုပြင် ဆောင်ရွက်မှု့တိုင်းတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကာလကို ပံ့ပိုးမှု့ပေးနေကြသည်ဆိုသော
အချက်ကို အလေးအနက်ထားရန်လိုသည်။
နောက်ကြောင်းသမိုင်းဆိုသည်မှာ ဖျောက်ဖျက်မရသော မှတ်တမ်းတခုဖြစ်သည်။ လူ့ဘောင်လောက
တွင် အမှားများပြုလုပ်မိကြသည်မှာ ဓမ္မတာဖြစ်သည်.။ ထိုအမှားကိုသိ၍ အမှန်လမ်းပေါ်ပြန်လျှောက်သူရှိ
သကဲ့သို့ အမှားလမ်းတွင်သာထပ်ခါတလဲလဲ ဆက်လျှောက်နေသူများကား ဒုနဲ့ဒေးပင်။ နိုင်ငံတော်အစိုးရ
နှင့် လူမှု့ဝန်ဆောင်အဖွဲ့အစည်းများ အထူးသတိပြုရမည်အချက်ပင်ဖြစ်သည်။ မှားခဲ့သူကို ခွင့်လွှတ်ပြီး
ပူးပေါင်းဆောင်ရွက်နိုင်သည်မှာမှန်သော်လည်း အထက်ပါ ထပ်တလဲလဲ မှားတတ်သူများ နိုင်ငံတော်
အစိုးရအဖွဲ့အစည်းများ၊ လူမှု့ဝန်ထမ်းအဖွဲ့အစည်းများအတွင်းသို့ရောက်လာခဲ့ပါလျှင် ခရီးမရောက်သည့်
အပြင် ကျိုးစားဆောင်ရွက်နေသူများပင်လျှင်လုပ်ငန်းပိုင်း၊စိတ်ဓါတ်ပိုင်းများ ကိုပါချွတ်ခြုံကျစေမည်မှာ
သေချာလှပေသည်။
မြန်မာနိုင်ငံသား လူမျိုးများဖြစ်ကြသော ကာယ ဥာဏ စွမ်းအားရှင်တွေအားလုံးဟည် ရဲရဲဝံ၀ံ ၇ပ်တည်နိုင်ပြီး
အပူအပင်ကင်းသော၊အကြောက်အရွံကင်းသော၊စိုးရွံထိတ်လန့်မှု့များကင်းသော ပြုပြင်ပြောင်းလဲရေးကို
ပူးပေါင်းဆောင်ရွက်နိုင်ကြပါမှ မြန်မာနိုင်ငံအနာ၈တ်ခရီးစဉ် ဖြောင့်ဖြူးနိုင်ကြမှာဖြစ်ပါတယ်

วันพฤหัสบดีที่ 14 พฤศจิกายน พ.ศ. 2556
9-10/11/2013 နေ့များတွင် ထိုင်းနိုင်ငံ စူရပ်ဌာနီမြို့တွင် ဓမ္မသဘင်နှင့် ကထိန်သင်္ကန်းကပ်လှူပွဲ
ထိုင်းနိုင်ငံ ၊စူရပ်ဌာနီ မြို့၊ဖိုဝိုင်ကျောင်းဝန်းအတွင်း မြန်မာအလုပ်သမားများစုပေါင်းကျင်းပခဲ့သော
ဓမ္မသဘင် နှင့် ကထိန်သင်္ကန်းကပ်လှူပွဲ အခမ်းအနား အမှတ်တရ ပုံများ။
စူရပ်ဌာနီမြို့၊ Tapee University တွင် မြန်မာစာ သင်ကြားပေးခဲ့စဉ်။
สมัครสมาชิก:
บทความ (Atom)