วันจันทร์ที่ 23 ธันวาคม พ.ศ. 2556

မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ စုပေါင်းစေတနာ မြန်မာကျောင်း






22-12-2013 -တန၈င်္နွေနေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ၊စူရပ်ဌာနီခရိုင်၊ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းဝန်အတွင်းဆောက်လုပ်နေသော မြန်မာကျောင်း ဒုတိယထပ်
ဘိလပ်မြေလောင်းရာတွင် မြန်မာအလုပ်သမားများ စုပေါင်းလုပ်အားပေးကြစဉ်။ ထိုသို့လုပ်အားပေးရာသို
ဒေါ်ရွှေကြည်၊ ဒေါ်ချို(၉၉၉)တို့မှ အချိုရည်လှူဒါန်ပြီး၊ အလုပ်သမားစုပေါင်းစားသောက်ကြပါသည်။မြန်မာ
အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းနေကြစဉ် ထိုင်းနိုင်ငံ၏ဥပဒေကို လိုက်နာလျှက် စည်းလုံးနေထိုင်နိုင်မှု့ကိုအလေ့အထဖြစ်စေရန် ကျိုးစားဆောင်ရွက်ရမည်သာ။
လုပ်ငန်းစဉ်တခုဆောင်ရွက်တွင် (၁) ရည်ရွယ်ချက်  (၂) ကောင်းမွန်လေးနက်သောဆောင်ရွက်မှု့ 
(၃)  မှန်ကန်သောစိတ်ရင်းဖြင့်ဆောင်ရွက်ကြပါလျှင်  အောင်မြင်ရမည်သာ။

วันพุธที่ 18 ธันวาคม พ.ศ. 2556

ထိုင်းနိုင်ငံတွင် အနာ၈တ်တွင် အလုပ်သမားရှားပါးမှု့ကို မည်သို့ကုစားမည်နည်း



သက်ပြီး အောက်ပါဖြစ်ရပ်မှန်(၂)ခုဖြစ်ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီခရိုင်၊Diamond Hotel
တွင်  ထိုင်းနိုင်ငံငံအလုပ်သမားအရေးနှင့် လူကုန်တား ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေကြစဉ်။  ထိုအခမ်း
အနားတွင်၊အစိုးရရှေ့နေများ၊ ရဲအရာရှိများ၊ သတင်းထောက်များ၊အလုပ်ရှင်၊အလုပ်သမားများ၊NGO တွေ
တက်ရောက်ခဲ့ကြပါတယ်
ဖြစ်ရပ်မှန်(၁)  ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင်အတွင်းရှိ ပန်းရံလုပ်ငန်းခွင်တခုသို့ ထိုင်း လ၀ကများ
ဝင်ရောက်ဖမ်းဆီးရာမှာ  ပတ်စပို၊၀ပ်ပါမစ်ရှိပြီး သူဌေးအမည်အတူသဖြင့် မြန်မာအလုပ်သမားကျား/မ(၂၂)
ဦးအဖမ်းခံခဲ့ရပါတယ်၊  ထိုင်းလ၀က မှ (120000)တောင်းပြီး၊အလုပ်ရှင်က (60000)ပေးရာမှ မပြေလည်ဘဲ
မြန်မာအလုပ်သမားများ ထောင်တွင်(၂)ည နေခဲ့ရပြီး တရားရုံးတော်မှ  အလုပ်သမားအားလုံးကို ဒဏ်ငွေ
(50000) သာချမျတ်ခဲ့ပါတယ်။  အလုပ်ရှင်၏ပျက်ကွက်မှု့နှင့် ဌာနဆိုင်ရာများဆောင်ရွက်မှု့သည် အနာ၈တ်
တွင် ထိုင်းနိုင်ငံတွင် အလုပ်သမားရှားပါးစေမည်အချက် တချက်ဖြစ်သည်။
ဖြစ်ရပ်မှန်(၂) စူရပ်ဌာနီခရိုင် ကီလို(၂၁) ဘန်ဘာဒေရန် အပိုင်တွင်  ရုံးပိတ်ရက်ဖြစ်သောကြောင့်
ဘုန်ကြီးကျောင်း တွင် မြန်မာအလုပ်သမားများ ကထိန်သင်္ကန်းကပ်လှူနေကြပါတယ်။ ထိုနေရာသို့ရဲများဝင်
ရောက်ဖမ်းဆီးခဲ့ပါတယ် ။ ရဲများက ဘတ်(40000)တောင်းခဲ့ရာ မြန်မာများ စုပေါင်း၇ငွေ (20000)ဘတ်ပေးရာ
ရဲများက မကြေနပ်ဘဲ ငွေပဒေသာပင်ကို ယူဆောင်သွားခဲ့ခြင်းခံခဲ့ကြရပါသည်။ ထိုင်းနိုင်ငံအတွင်းလူမျိုးတမျိုး
၏ဘာသာရေးဆောင်ရွက်မှု့ကို အကျဉ်းတန်သောအာဏာပိုင်၏ပြုမူမှု့သည်လည်း အနာ၈တ်တွင်ထိုင်းနိုင်ငံ
အလုပ်သမားနည်းပါးစေလာမှု့ကိုဖြစ်စေနိုင်ပါသည်။

วันจันทร์ที่ 16 ธันวาคม พ.ศ. 2556

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးတင်ဝင်း



ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း  နှုတ်ဆက်ပွဲ အခမ်းအနားတက်ရောက်ခဲ့စဉ်။
      သံအမတ်ကြီးဦးတင်ဝင်း ထိုင်းနိုင်ငံတွင် သံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့စဉ်  ထိုင်းနိုင်ငံရောက်မြန်မာ
အလုပ်သမားများအရေးကိုများစွာဆောင်ရွက်ပေးခဲ့သည်။ သာသနာရေးကိစ္စများကိုလည်း အထူးဆောင်ရွက်ပေးခဲ့သည်။ အထူးသဖြင့် ချင်းမိုင်း ဘုန်းတော်ကြီးကျောင်းများအရေးတွင် မြန်မာအလုပ်
သမားများအတွင်း ချီးကျူးပြောကြားခြင်းကိုကြားရသည်။  သံအမတ်ကြီးတာဝန်ထမ်းဆောင်စဉ်ကာလတွင်
မြန်မာအလုပ်သမားများ၏  အလုပ်သမားများအဆင့်ကိုလည်း ရပ်တည်နိုင်သည့် အခြေအနေတခုသို့ရောက်
အောင်ဖန်တီးပေးနိုင်ခဲ့သည်။

วันอาทิตย์ที่ 8 ธันวาคม พ.ศ. 2556

မြန်မာလူမျိုးချင်း ချစ်ခင်နိုင်ကြပါစေ










စူရပ်ဌာနီခရိုင်၊ဘန်စောင်းမြို့တွင် ဦးဇော်လေး
ဦးဆောင်သောမြန်မာ အလုပ်သမားများစုပေါင်း
ဘုရားထီးတော်တင်ခဲ့သော  ဘုရား။
  ဘုရားထီးတော်တင်သော  ကော်မတီအဖွဲ့များနှင့် အတူ

 ကြွရောက်လာကြသော မြန်မာအလုပ်သမားများ။

 ထိုင်းဥပဒေလည်းလေးစား၊ မိမိဝမ်းရေးကိုလည်းရှာ၊  လေးညှို့သံကိုလည်းနားထောင်ကြရန် ပြောကြားခဲ့စဉ်
ထိုင်းနိုင်ငံ -ဘန်ကောက်မြို့၊မြန်မာသံရုံးတွင် ၂၀၁၃ ခုနှစ်ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားကာကွယ်
စောင့်ရှောက်ရေး ကော်မတီဖွဲ့စည်းရန် ဖိတ်ကြားခဲ့စဉ်။
ထိုင်းနိုင်ငံတောင်ပိုင်း ။စူရပ်ဌာနီမြို့၊ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် တရားပွဲ
ပြုလုပ်ခဲ့စဉ်။