วันพฤหัสบดีที่ 7 สิงหาคม พ.ศ. 2557

စည်းလုံးညီညာ အောင်ကြောင်းဖြာ-





ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲ  ကို စူရပ်ဌာနီခရိုင် ဖိုဝိုင်
ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဆောက်လုပ်နေဆသာ မြန်မာကျောင်းတွင် ၁၃၇၆ -ခုနှစ်
သင်္ကန်းကပ်ပွဲ က်ုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ စည်းလုံးခြင်းရလာဒ်

ထိုင်းနိုင်ငံတောင်ပိုင်း၊  စူရပ်ဌာနီမြို့ ၊ ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် -
 မြန်မာ ရွေ့ပြောင်းအလုပ်သမားများ စည်းလုံးစွာဖြင့်
စုပေါင်းဆောက်လုပ်ခဲ့ကြသော မြန်မာကျောင်း
သည်  ကုန်ကျငွေ ဘတ်(၃ရ)သိန်းကျော်ကုန်ကျခဲ့ပြီး
2015 ခုနှစ်ဖေဖေါ်ဝါရီလတွင် ပြီးစီးခဲ့ပါတယ်။
      မြန်မာ ရွေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးငယ်များ နောင်ရေးအတွက်  အသိအလိမ္မာ ပညာရစေ
သောငှာ  စာပေ၊ယဉ်ကျေးမှု့ကို (၂၀၀၆)ခုနှစ်မှစ၍ ထိုင်းကျောင်းထိုင်ဆရာတော်၏ ခွငါ့ပြုချက် ရယုကာ
သင်ကြား ပေးခဲ့ပါတယ်    သို့သော်မူလအဆောက်အအုံ ပျက်စီးသွားခဲ့ပြီး စာသင်ကြးမှု့မပြုနိုင်ခဲ့သည်မှာ
တနှစ်ကျော်ရှိခဲ့ပါတယ်။          မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းက   မတည်ငွေဘတ် နှစ်သိန်း(200000 ဘတ်) ဖြင့် ဤကျောင်းကြီးကိုဆက်လက်ဆောက်လုပ်ခဲ့ကြပါတယ်။                                                           
ထိုင်း မြန်မာ အလှူရှင်များ  ကောင်းမှု့ကုသိုလ်ကြောင့်
မြန်မာကျောင်း  ပြီးမြောက်ရခြင်းဖြစ်ပါတယ်။
  7/3/2015  နေ့ည(ရ)နာရီတွင်
ဆလုံကျွန်း(၈ျလန်း) ဆရာတော် က ယဉ်ကျေး
လိမ္မာမှု့ရှိစေရေး  တရားရေအေးတိုက်ကျွေးတော်
မူခဲ့ပါတယ်။
8/3/2015  နေ့တွင်  စူရပ်ခရိုင်ဝန်ကိုယ်တိုင်
တက်ရောက်လာပြီး  အခမ်းအနားဖွင့်လှစ်ပေး
ခြင်း၊  မြန်မာအလုပ်သမားများကလည်း ရေစက်
ချကာ  ထိုင်းကျောင်းထိုင်ဆရာတော်အား
မြန်မာကျောင်းကို ကပ်လှူခြင်းများကို စည်ကား
သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။