วันจันทร์ที่ 23 ธันวาคม พ.ศ. 2556

မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ စုပေါင်းစေတနာ မြန်မာကျောင်း






22-12-2013 -တန၈င်္နွေနေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ၊စူရပ်ဌာနီခရိုင်၊ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းဝန်အတွင်းဆောက်လုပ်နေသော မြန်မာကျောင်း ဒုတိယထပ်
ဘိလပ်မြေလောင်းရာတွင် မြန်မာအလုပ်သမားများ စုပေါင်းလုပ်အားပေးကြစဉ်။ ထိုသို့လုပ်အားပေးရာသို
ဒေါ်ရွှေကြည်၊ ဒေါ်ချို(၉၉၉)တို့မှ အချိုရည်လှူဒါန်ပြီး၊ အလုပ်သမားစုပေါင်းစားသောက်ကြပါသည်။မြန်မာ
အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းနေကြစဉ် ထိုင်းနိုင်ငံ၏ဥပဒေကို လိုက်နာလျှက် စည်းလုံးနေထိုင်နိုင်မှု့ကိုအလေ့အထဖြစ်စေရန် ကျိုးစားဆောင်ရွက်ရမည်သာ။
လုပ်ငန်းစဉ်တခုဆောင်ရွက်တွင် (၁) ရည်ရွယ်ချက်  (၂) ကောင်းမွန်လေးနက်သောဆောင်ရွက်မှု့ 
(၃)  မှန်ကန်သောစိတ်ရင်းဖြင့်ဆောင်ရွက်ကြပါလျှင်  အောင်မြင်ရမည်သာ။

วันพุธที่ 18 ธันวาคม พ.ศ. 2556

ထိုင်းနိုင်ငံတွင် အနာ၈တ်တွင် အလုပ်သမားရှားပါးမှု့ကို မည်သို့ကုစားမည်နည်း



သက်ပြီး အောက်ပါဖြစ်ရပ်မှန်(၂)ခုဖြစ်ပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီခရိုင်၊Diamond Hotel
တွင်  ထိုင်းနိုင်ငံငံအလုပ်သမားအရေးနှင့် လူကုန်တား ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေကြစဉ်။  ထိုအခမ်း
အနားတွင်၊အစိုးရရှေ့နေများ၊ ရဲအရာရှိများ၊ သတင်းထောက်များ၊အလုပ်ရှင်၊အလုပ်သမားများ၊NGO တွေ
တက်ရောက်ခဲ့ကြပါတယ်
ဖြစ်ရပ်မှန်(၁)  ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင်အတွင်းရှိ ပန်းရံလုပ်ငန်းခွင်တခုသို့ ထိုင်း လ၀ကများ
ဝင်ရောက်ဖမ်းဆီးရာမှာ  ပတ်စပို၊၀ပ်ပါမစ်ရှိပြီး သူဌေးအမည်အတူသဖြင့် မြန်မာအလုပ်သမားကျား/မ(၂၂)
ဦးအဖမ်းခံခဲ့ရပါတယ်၊  ထိုင်းလ၀က မှ (120000)တောင်းပြီး၊အလုပ်ရှင်က (60000)ပေးရာမှ မပြေလည်ဘဲ
မြန်မာအလုပ်သမားများ ထောင်တွင်(၂)ည နေခဲ့ရပြီး တရားရုံးတော်မှ  အလုပ်သမားအားလုံးကို ဒဏ်ငွေ
(50000) သာချမျတ်ခဲ့ပါတယ်။  အလုပ်ရှင်၏ပျက်ကွက်မှု့နှင့် ဌာနဆိုင်ရာများဆောင်ရွက်မှု့သည် အနာ၈တ်
တွင် ထိုင်းနိုင်ငံတွင် အလုပ်သမားရှားပါးစေမည်အချက် တချက်ဖြစ်သည်။
ဖြစ်ရပ်မှန်(၂) စူရပ်ဌာနီခရိုင် ကီလို(၂၁) ဘန်ဘာဒေရန် အပိုင်တွင်  ရုံးပိတ်ရက်ဖြစ်သောကြောင့်
ဘုန်ကြီးကျောင်း တွင် မြန်မာအလုပ်သမားများ ကထိန်သင်္ကန်းကပ်လှူနေကြပါတယ်။ ထိုနေရာသို့ရဲများဝင်
ရောက်ဖမ်းဆီးခဲ့ပါတယ် ။ ရဲများက ဘတ်(40000)တောင်းခဲ့ရာ မြန်မာများ စုပေါင်း၇ငွေ (20000)ဘတ်ပေးရာ
ရဲများက မကြေနပ်ဘဲ ငွေပဒေသာပင်ကို ယူဆောင်သွားခဲ့ခြင်းခံခဲ့ကြရပါသည်။ ထိုင်းနိုင်ငံအတွင်းလူမျိုးတမျိုး
၏ဘာသာရေးဆောင်ရွက်မှု့ကို အကျဉ်းတန်သောအာဏာပိုင်၏ပြုမူမှု့သည်လည်း အနာ၈တ်တွင်ထိုင်းနိုင်ငံ
အလုပ်သမားနည်းပါးစေလာမှု့ကိုဖြစ်စေနိုင်ပါသည်။

วันจันทร์ที่ 16 ธันวาคม พ.ศ. 2556

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးတင်ဝင်း



ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း  နှုတ်ဆက်ပွဲ အခမ်းအနားတက်ရောက်ခဲ့စဉ်။
      သံအမတ်ကြီးဦးတင်ဝင်း ထိုင်းနိုင်ငံတွင် သံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့စဉ်  ထိုင်းနိုင်ငံရောက်မြန်မာ
အလုပ်သမားများအရေးကိုများစွာဆောင်ရွက်ပေးခဲ့သည်။ သာသနာရေးကိစ္စများကိုလည်း အထူးဆောင်ရွက်ပေးခဲ့သည်။ အထူးသဖြင့် ချင်းမိုင်း ဘုန်းတော်ကြီးကျောင်းများအရေးတွင် မြန်မာအလုပ်
သမားများအတွင်း ချီးကျူးပြောကြားခြင်းကိုကြားရသည်။  သံအမတ်ကြီးတာဝန်ထမ်းဆောင်စဉ်ကာလတွင်
မြန်မာအလုပ်သမားများ၏  အလုပ်သမားများအဆင့်ကိုလည်း ရပ်တည်နိုင်သည့် အခြေအနေတခုသို့ရောက်
အောင်ဖန်တီးပေးနိုင်ခဲ့သည်။

วันอาทิตย์ที่ 8 ธันวาคม พ.ศ. 2556

မြန်မာလူမျိုးချင်း ချစ်ခင်နိုင်ကြပါစေ










စူရပ်ဌာနီခရိုင်၊ဘန်စောင်းမြို့တွင် ဦးဇော်လေး
ဦးဆောင်သောမြန်မာ အလုပ်သမားများစုပေါင်း
ဘုရားထီးတော်တင်ခဲ့သော  ဘုရား။
  ဘုရားထီးတော်တင်သော  ကော်မတီအဖွဲ့များနှင့် အတူ

 ကြွရောက်လာကြသော မြန်မာအလုပ်သမားများ။

 ထိုင်းဥပဒေလည်းလေးစား၊ မိမိဝမ်းရေးကိုလည်းရှာ၊  လေးညှို့သံကိုလည်းနားထောင်ကြရန် ပြောကြားခဲ့စဉ်
ထိုင်းနိုင်ငံ -ဘန်ကောက်မြို့၊မြန်မာသံရုံးတွင် ၂၀၁၃ ခုနှစ်ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားကာကွယ်
စောင့်ရှောက်ရေး ကော်မတီဖွဲ့စည်းရန် ဖိတ်ကြားခဲ့စဉ်။
ထိုင်းနိုင်ငံတောင်ပိုင်း ။စူရပ်ဌာနီမြို့၊ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့် တရားပွဲ
ပြုလုပ်ခဲ့စဉ်။


วันเสาร์ที่ 30 พฤศจิกายน พ.ศ. 2556

မြန်မာ+ထိုင်း သံတမန်ဆက်ဆံရေး(၆၅)နှစ်ပြည့်-


22.11.2013 နေ့  နေပြည်တော်ရှိ MICC ခမ်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော မြန်မာ+ထိုင်း
သံတမန်ဆက်ဆံရေး(၆၅)နှစ်ပြည့် အခမ်းအနား အမှတ်တရ မှတ်တမ်း။

วันจันทร์ที่ 18 พฤศจิกายน พ.ศ. 2556

အပြောင်းအလဲ

 15-17 May 2012 နေ့များတွင် မြန်မာနိုင်ငံ အင်းလေးတွင် မြန်မာ+ထိုင်း အလုပ်သမားဝန်ကြီးများအစည်းအဝေး။
မြန်မာနိုင်ငံအပြောင်းအလဲကာလတွင်  ထိုင်းနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာအလုပ်သမားများ၏
အနာ၈တ်ကိုလည်းထည့်တွက်ရန်လိုပေသည်။   မြန်မာနိုင်ငံတွင်လည်း  လူမှု့ဝန်ဆောင်အဖွဲ့အစည်းများ
များစွာပေါ်ထွန်းဖို့လိုသကဲ့သို့   နိုင်ငံတော်မှလည်း ထိုက်သင့်သလို ၄င်းအဖွဲ့အစည်းများကို ပံ့ပိုးပေးရန်လိုမည်
ဖြစ်သည်။  ထိုလူမှု့ဝန်ဆောင်အဖွဲ့အစည်းများကလည်း အခြားသြဇာလွှမ်းမိုးခံအဖွဲ့မဖြစ်ရန်လိုပေသည်။
ထိုပြင် ဆောင်ရွက်မှု့တိုင်းတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကာလကို ပံ့ပိုးမှု့ပေးနေကြသည်ဆိုသော
အချက်ကို အလေးအနက်ထားရန်လိုသည်။
     နောက်ကြောင်းသမိုင်းဆိုသည်မှာ ဖျောက်ဖျက်မရသော မှတ်တမ်းတခုဖြစ်သည်။  လူ့ဘောင်လောက
တွင် အမှားများပြုလုပ်မိကြသည်မှာ ဓမ္မတာဖြစ်သည်.။ ထိုအမှားကိုသိ၍ အမှန်လမ်းပေါ်ပြန်လျှောက်သူရှိ
သကဲ့သို့ အမှားလမ်းတွင်သာထပ်ခါတလဲလဲ ဆက်လျှောက်နေသူများကား ဒုနဲ့ဒေးပင်။   နိုင်ငံတော်အစိုးရ
နှင့် လူမှု့ဝန်ဆောင်အဖွဲ့အစည်းများ အထူးသတိပြုရမည်အချက်ပင်ဖြစ်သည်။   မှားခဲ့သူကို ခွင့်လွှတ်ပြီး
ပူးပေါင်းဆောင်ရွက်နိုင်သည်မှာမှန်သော်လည်း   အထက်ပါ ထပ်တလဲလဲ မှားတတ်သူများ  နိုင်ငံတော်
အစိုးရအဖွဲ့အစည်းများ၊ လူမှု့ဝန်ထမ်းအဖွဲ့အစည်းများအတွင်းသို့ရောက်လာခဲ့ပါလျှင်  ခရီးမရောက်သည့်
အပြင် ကျိုးစားဆောင်ရွက်နေသူများပင်လျှင်လုပ်ငန်းပိုင်း၊စိတ်ဓါတ်ပိုင်းများ ကိုပါချွတ်ခြုံကျစေမည်မှာ
 သေချာလှပေသည်။
  မြန်မာနိုင်ငံသား လူမျိုးများဖြစ်ကြသော ကာယ ဥာဏ စွမ်းအားရှင်တွေအားလုံးဟည် ရဲရဲဝံ၀ံ ၇ပ်တည်နိုင်ပြီး
အပူအပင်ကင်းသော၊အကြောက်အရွံကင်းသော၊စိုးရွံထိတ်လန့်မှု့များကင်းသော ပြုပြင်ပြောင်းလဲရေးကို
ပူးပေါင်းဆောင်ရွက်နိုင်ကြပါမှ မြန်မာနိုင်ငံအနာ၈တ်ခရီးစဉ် ဖြောင့်ဖြူးနိုင်ကြမှာဖြစ်ပါတယ်

วันพฤหัสบดีที่ 14 พฤศจิกายน พ.ศ. 2556

9-10/11/2013 နေ့များတွင် ထိုင်းနိုင်ငံ စူရပ်ဌာနီမြို့တွင် ဓမ္မသဘင်နှင့် ကထိန်သင်္ကန်းကပ်လှူပွဲ



  ထိုင်းနိုင်ငံ ၊စူရပ်ဌာနီ မြို့၊ဖိုဝိုင်ကျောင်းဝန်းအတွင်း မြန်မာအလုပ်သမားများစုပေါင်းကျင်းပခဲ့သော
ဓမ္မသဘင် နှင့် ကထိန်သင်္ကန်းကပ်လှူပွဲ အခမ်းအနား အမှတ်တရ ပုံများ။

စူရပ်ဌာနီမြို့၊ Tapee University တွင် မြန်မာစာ သင်ကြားပေးခဲ့စဉ်။

ကျောင်းသား/ကျောင်းသူများအား (29-10-2013   မှ 2-11-2013) နေ့အထိ မြန်မာစာသင်ပေးခဲ့သည်။

วันอังคารที่ 8 ตุลาคม พ.ศ. 2556

နိုင်ငံသား-

        မြန်မာနိုင်ငံရဲ့ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်မှာ  ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားများ
အရေးဟာလည်း လုံးဝပြစ်ပါယ်မရနိုင်တဲ့အချက် တချက်ပါ။  ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံဟာ နယ်စပ်မိုင်ပေါင်း
များစွာဆက်စပ်နေခြင်းကြောင့်လည်း ရေကြည်ရာမြက်နုရာရှာဖွေစားသောက်ကြရတဲ့မြန်မာအလုပ်သမားများ
အနေဖြင့် ထိုင်းနိုင်ငံအတွင်း(၃)သန်းနီးပါးရောက်ရှိနေကြတယ်လို့ အလုပ်သမားအရေးလေ့လာနေသူများက
မှတ်ချက်ပြုကြပါတယ်။
        ထိုသို့ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာကြရင်း ခါးသီးတဲ့ အတွေ့အကြုံတွေရလာကြတာဟာလည်း
(၁၀)စုနှစ်များကိုကျော်လွန်ခဲ့ပါတယ်။ ထိုအခါ မြန်မာအလုပ်သမားသားစဉ်မြေးဆက်မှာ နိုင်ငံအပေါ်တွင်
နာကျည်းမှု့များ အမြစ်တွယ်နေခြင်းများကိုဖြေလျော့စေသောဆောင်ရွက်ချက်များကို နိုင်ငံတော်က
ဆောင်ရွက်ပေလာပြီး၊  ယခုအချိန်ဆိုလျှင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ယခင်ထက်မြင့်မား
သောအခြေအနေရှိသည့်အလုပ်သမားများအဖြစ်ရောက်လာခဲ့သည်အမှန်ပါ။
         သို့သော် အကောင်းအဆိုးကိုသိလျှက်သော်၎င်း၊မသိ၍သော်၎င်း၊အတွင်းထရံအပြင်ကာ၊အပြင်ထရံကိုအတွင်း
ကာနေကြသော ၀န်ထမ်းအချို့၊အလုပ်သမားကူညီသူအချို့တွေကြောင့်၊လမ်းပေါ်ကအလုပ်သမားတွေရဲ့ဘ၀ လမ်းဘေးကိုပြန်ရောက်ကြရမည့် အရိပ်အယောင်များကိုလည်းမြင်တွေ့နေရသည်မှာစိတ်မကောင်းစရာပါ။
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ပေးနေကြသော အဖွဲ့များလည်းရှိကြပါတယ်
အားပေးမှု့လည်းနည်းပါနေသေးသည်ကိုတွေရပါသည်။
     နိုင်ငံသားဆိုသည်မှာမည်သည့်နိုင်ငံတွင်ရောက်ရှိနေစေကာမူ  မိမိ နိုင်ငံလူမျိုးအကျိုးကိုမဆောင်ရွက်နိုင်
သည့်တိုင်  အကျိုးယုတ်စေမည့်လုပ်ရပ်များကို မဆောင်ရွက်ကြစေလိုကြောင်း --------

วันเสาร์ที่ 28 กันยายน พ.ศ. 2556

နိုင်ငံတော်သည် နိုင်ငံသားများ၏အရေးကိုဆောင်ရွက်သည်

ထိုင်းနိုင်ငံသို့ရောက်ခဲ့စဉ်။
ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်ပြည်သူ့လွတ်တော်အဖွဲ့ဝင်များရောက်ရှိလာကြသည်
မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင်  နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်းလုပ်ဆာင်နိုင်မည့်
နည်းစနစ်များရှာဖွေမှု့နှင့်အတူ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသော မြန်မာအလုပ်သမားများအရေးကို
လည်းအလေးပေးဆောင်ရွက်နိုင်ရန်လည်းစုံစမ်းလေ့လာသွားသည်ကိုတွေ့ရသည်။ ထိုမှတဆင့်ထိုင်းနိုင်ငံ
အတွင်း စီးပွါးရေး၊လူမှု့ရေး၊ပညာရေး စသောအချက်များနှင့်ပြည့်စုံနေကြသော မြန်မာလူမျိုးများနှင့်သံရုံး
တွင်တွေဆုံပြီး မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ကူညီဆောင်ရွက်ရေး လမ်းဖွင့် အကူ
အညီ-အကြံဥာဏ်များဖလှယ်ခဲ့ကြသည်ကိုတွေ့ရပါသည်။
ထိုအခါတွင် စာရေးသူ ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအား မြန်မာနိုင်ငံတော်မှ
သက်သေခံအထောက်အထားများထုတ်ပေးရေး ကအချိန်ကိုပြန်သတိရမိသည်။
ထိုအချိန်က ထိုင်းနိုင်ငံအတွင်းတရားမ၀င်ရောက်ရှိနေကြသောမြန်မာအလုပ်သမားများအား-
(၂၁-၆-၂၀၀၂)ခုနှစ်ချင်းမိုင်မြို့တွင်ပြုလုပ်သော မြန်မာ-ထိုင်းနှစ်နိုင်ငံအစည်းအဝေးဆုံးဖြတ်ချက်အရ
မြန်မာအလုပ်သမားများအကြားသတင်းကျယ်ပြန့်ရန်နှင့်ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် မိမိဆောင်ရွက်ပေးခဲ့ရပါသည်။ ထိုသို့ဆောင်ရါက်ရာတွင်လည်းနယ်မြေခံ အလုပ်သမားဝန်ကြီးဌာနများ
နယ်မြေခံ လ၀ကများပါ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာအလုပ်သမား(၂၀၀၀)ကျော်ရှိသော
ဆီအုန်းစက်ရုံတရုံတွင် ရှင်းလင်းအပြီး ရှေ့တန်းမှထိုင်နေသောအလုပ်သမားထဲမှတဦးကထပြီး-
အန်ကယ်ပြောတာတော့နားထောင်လို့ကောင်းပါတယ် ကျနော်တို့မြန်မာအစိုးရကို မယုံဘူး- ဟုပြောဆိုပြီး
ထ-ထွက်သွားပါတယ်။   မြန်မာအများရှေ့မှာ ပြုမူခြင်းဖြစ်၍ စိတ်မကောင်းဖြစ်ခဲ့ရပါသည်။  သူတို့ပြောသည့်အချိန်၊သူတို့ခံစားခဲ့ရသည့်ကာလကလည်းမှန်ပါသည်။တရားမ၀င်နယ်စပ်ကိုဖြတ်
ကျော်ဝင်ရောက်လာခဲ့ကြသည့်အချိန်ကတည်းက ခါးသီးတဲ့ခံစားမှု့တွေကိုထိုမြန်မာအလုပ်သမားများ
ခံစားလာကြရပြီး စိတ်ဝေဒနာ ခံစားနေကြရတာပါ။ထိုနောက်သူတို့ထိုင်းနိုင်ငံရောက်
ခဲ့ကြရာ မြန်မာနိုင်ငံ၏ပြောင်းလဲလာမှု့ကိုမလေ့လာနိုင်၊၀မ်းရေးအတွက်လေ့လာရန်လည်းအချိန်မပေးနိုင်
ကြတော့ပေ။ သူတို့လေးတွေမှာအပြစ်မရှိပါ ဘယ်သူမဆိုကိုယ်အိမ်ကိုယ်ရွာသာနေလိုကြသည်ဓမ္မတာ-
သို့သော်(၃)လလောက်အကြာတွင်ထိုအလုပ်သမားများယာယီနိုင်ငံကူးလက်မှတ်ထုတ်ယူနေ
သည်ကိုမြင်တွေ့ခဲ့ရပါသည်။ယခုကဲ့သို့နိုင်ငံတော်သည်နိုင်ငံသားများအရေးအတွက်
ဆောင်ရွက်နေကြောင်း (၃)သန်းနီးပါးသောအလုပ်သမားများအကြားသိရှိသွားနိုင်ပါက   ဖခင်ရင်းအပေါ်အချစ်ပြန်ပိုလာမှာမုချမသွေပါ။

วันอังคารที่ 24 กันยายน พ.ศ. 2556

စူရပ်ဌာနီခရိုင်၊အဝေးသင်ကျောင်းတွင် ထိုင်းကျောင်းသား/ကျောင်းသူများအား မြန်မာစာ သင်ကြားပေးခဲ့စဉ်



ထိုင်းကျောင်းသား/ကျောင်းသူများအား မြန်မာစာသင်ကြားပေးစဉ်က အမှတ်တရ-

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားဧ၊် သားသမီးများ အတွက်မြန်မာကျောင်း ဆောက်လုပ်နေစဉ်


ကျောင်း(၁၅-၉-၂၀၁၃)နေ့အထိပြီးစီးမှု့ အခြေအနေကျောင်းဖြစ်မြောက်ရေးကော်မတီ
ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းဆောင်လုပ်နေသော  မြန်မာကျောင်း (9-11-2013)နေ့အထိ
ဆောက်လုပ်ပြီးစီးမှု့အခြေအနေ။   (၂၀-ကိုက်*၁၅ ကိုက်) နှစ်ထပ်ကျောင်းဆောက်လုပ်ပြီးစီးလျှင်
3080000-ဘတ်ကုန်ကျမည်ဖြစ်သည်။

วันอาทิตย์ที่ 8 กันยายน พ.ศ. 2556

သံဃာတော်များသီးတင်းသုံးရန်နှင့် မြန်မာအလုပ်သမားကလေးများပညာသင်ကြားနိုင်ရန်-


ထိုင်းနိုင်ငံ၊စူရပ်ဌာနီမြို့တွင် မြန်မာအလုပ်သမားများစုပေါင်းအလှူငွေ ဖြင့် ဆောက်လုပ်နေသော
မြန်မာကျောင်း (၇-၉-၂၀၁၃)နေ့အထိ အခြေအနေ။ အလျား(၂၀)ကိုက် နှင့် အမံ(၁၅)ကိုက် ရှိပါသည်။


မြန်မာအလုပ်သမားများစုပေါင်းကျိုးစားမှု့ဖြင့် ထိုင်းနိုင်ငံတွင် မြန်မာကျောင်း တကျောင်းပေါ်ပေါက်လာတော့မည်ဖြစ်သည်။ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနေနှင့်လည်း
အချင်းချင်းစည်းရုံးကြပြီး၊ကိုယ်ကျင့်တရားကောင်းအောင်၊မှန်တာကိုကိုဆောင်ရွက်နိုင်ပြီး မှားတာကိုပြုပြင်
နိုင်အောင်းကျိုးစားလျှက်နေထိုင်ကြရမည်သာ-  ဥပဒေတွင် ကျူးလွန်လျှင်အပြစ်ရှိသကဲ့သို့ ပျက်ကွက်လျှင်
လည်းအပြစ်ရှိပါသည်။