မြန်မာနိုင်ငံရဲ့ပြုပြင် ပြောင်းလဲရေးဖြစ်စဉ်မှာ ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားများ
အရေးဟာလည်း လုံးဝပြစ်ပါယ်မရနိုင်တဲ့အချက် တချက်ပါ။ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံဟာ နယ်စပ်မိုင်ပေါင်း
များစွာဆက်စပ်နေခြင်းကြောင့်လည်း ရေကြည်ရာမြက်နုရာရှာဖွေစားသောက်ကြရတဲ့မြန်မာအလုပ်သမားများ
အနေဖြင့် ထိုင်းနိုင်ငံအတွင်း(၃)သန်းနီးပါးရောက်ရှိနေကြတယ်လို့ အလုပ်သမားအရေးလေ့လာနေသူများက
မှတ်ချက်ပြုကြပါတယ်။
ထိုသို့ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာကြရင်း ခါးသီးတဲ့ အတွေ့အကြုံတွေရလာကြတာဟာလည်း
(၁၀)စုနှစ်များကိုကျော်လွန်ခဲ့ပါတယ်။ ထိုအခါ မြန်မာအလုပ်သမားသားစဉ်မြေးဆက်မှာ နိုင်ငံအပေါ်တွင်
နာကျည်းမှု့များ အမြစ်တွယ်နေခြင်းများကိုဖြေလျော့စေသောဆောင်ရွက်ချက်များကို နိုင်ငံတော်က
ဆောင်ရွက်ပေလာပြီး၊ ယခုအချိန်ဆိုလျှင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ယခင်ထက်မြင့်မား
သောအခြေအနေရှိသည့်အလုပ်သမားများအဖြစ်ရောက်လာခဲ့သည်အမှန်ပါ။
သို့သော် အကောင်းအဆိုးကိုသိလျှက်သော်၎င်း၊မသိ၍သော်၎င်း၊အတွင်းထရံအပြင်ကာ၊အပြင်ထရံကိုအတွင်း
ကာနေကြသော ၀န်ထမ်းအချို့၊အလုပ်သမားကူညီသူအချို့တွေကြောင့်၊လမ်းပေါ်ကအလုပ်သမားတွေရဲ့ဘ၀ လမ်းဘေးကိုပြန်ရောက်ကြရမည့် အရိပ်အယောင်များကိုလည်းမြင်တွေ့နေရသည်မှာစိတ်မကောင်းစရာပါ။
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ပေးနေကြသော အဖွဲ့များလည်းရှိကြပါတယ်
အားပေးမှု့လည်းနည်းပါနေသေးသည်ကိုတွေရပါသည်။
နိုင်ငံသားဆိုသည်မှာမည်သည့်နိုင်ငံတွင်ရောက်ရှိနေစေကာမူ မိမိ နိုင်ငံလူမျိုးအကျိုးကိုမဆောင်ရွက်နိုင်
သည့်တိုင် အကျိုးယုတ်စေမည့်လုပ်ရပ်များကို မဆောင်ရွက်ကြစေလိုကြောင်း --------
ไม่มีความคิดเห็น:
แสดงความคิดเห็น