วันจันทร์ที่ 25 มีนาคม พ.ศ. 2556

ထိုင်းနိုင်ငံ မြန်မာသံရုံးတနေရာ-

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ၀န်ကြီးဦးအောင်ကြည်(၂၀၁၂)  ၊ ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံမှူးကြီးဦးမျိုးတင့်   တို့နှင့် မြန်မာအလုပ်သမားရေးရာဆွေးနွေပြီး အမှတ်တရ။

မြန်မာနိုင်ငံလုပ်သမားဝန်ကြီး-၁

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီး ဦးအောင်ကြည် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမား
ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များနှင့် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင်တွေ့ဆုံဆွေးနွေးကြစဉ်(၂၀၁၂)

ရှင်းလင်းပွဲအပြီး-

ထိုင်းနိုင်းငံတောင်ပိုင်း-ဆီအုန်းစက်ရုံ တရုံတွင် ယာယီနိုင်ငံကူးလက်မှတ်များထုတ်ယူနိုင်ရေးအတွက်
ရှင်းလင်းပြောကြားပြီး၊ မြန်မာအလုပ်သမားများနှင့် အမှတ်တရ (၂၀၀၉)

သက်သေခံအထောက်အထားရရှိရန်-

 ထိုင်းနိုင်ငံရှိ-ဆီအုန်းစက်ရုံတရုံတွင်  မြန်မာအလုပ်သမားများအား သက်သေခံအထောက်အထားများ
(ယာယီနိုင်ငံကူးလက်မှတ်) ထုတ်ယူနိုင်စေရန် ရှင်းလင်းပြောကြားခြင်း။(၂၀၀၉)

ယာယီနိုင်ငံကူးလက်မှတ်စတင်ထုတ်-

     ယာယီနိုင်ငံကူးလက်မှတ်စတင်ထုတ်ပေးချိန်တွင် ကော့သောင်းမြို့ ကို သွားရောက်ထုတ်ယူ
ခဲ့ရသော ပထမဦး ထုတ်ယူလာခဲ့ကြသော အဖွဲ့။(၂၀၀၉)

ယာယီနိုင်ငံကူးလက်မှတ်

   မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသော မြန်မာအလုပ်သမားများအတွက်
သက်သေခံလက်မှတ်(ယာယီနိုင်ငံကူးလက်မှတ်) ထုတ်ပေးနိုင်ရေးအတွက်  သံမှူးဦးဝင်းဇေယျာထွန်း
ဦးဆောင်လျှက်   ထိုင်းအလုပ်ရှင်များ၊ မြန်မာအလုပ်သမားများကို ရှင်းလင်းပြစဉ်။(၇-၂၀၀၉)

วันอาทิตย์ที่ 24 มีนาคม พ.ศ. 2556

2013 မြန်မာသံရုံးလွတ်လပ်ရေးနေ့အခမ်းအနား

        ၂၀၁၃ နေ့ ထိုင်းနိုင်ငံရှိမြန်မာသံရုံးလွတ်လပ်ရေးနေ့အခမ်းအနားတွင်
    ဦးကျော်ကျော်လွင်၊ ဦးအောင်မျိုးသန့်၊ ဦးခွန်နိုင်နိုင်၊ ဦးသန့်ဇော်  တို့နှင့်အတူ။

နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသတိပြုရန်-

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့်  နိုင်ငံကူးလက်မှတ်ရရှိပြီးလျှင်-
   (၁)    အလုပ်လုပ်ခွင့် (workpermit) လက်မှတ်လုပ်ရပါမည်၊
           (၄င်းလက်မှတ်မရှိလျှင်  နောက်ထပ် နေထိုင်ခွင့် (visa) (၂)နှစ် မရနိုင်ပါ။)
   (၂)   နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်း (Date of Expiry) (ဓါတ်ပုံ၏ဘေးတွင်ရှိသည်)
   (၃)   ရောက်ရှိနေသောနိုင်ငံတွင်နေထိုင်ခွင့် (visa)   များကိုအထူး၈ရုပြုရန်လိုပါသည်၊

မြန်မာအလုပ်သမားများသို့

မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ (၂)နိုင်ငံပူးပေါင်းလျှက်  ထိုင်းနိုင်ငံတွင်ရောက်နေကြသောတရားမ၀င်
မြန်မာအလုပ်သမားများကို တရားဝင်အလုပ်သမားများဖြစ်လာအောင်ဆောင်ရွက်နေသည်ကို
မြန်မာအလုပ်သမားများစီစစ်တွေးဆ၍ ရနိုင်ပါသည် ကိုယ်ကျိုးရှာသမားများကြောင့်လည်း
ကုန်ကျစရိတ်များခြင်း၊ လိမ်လည်မှု့ခံရခြင်း၊ စိတ်ညစ်စရာများကြုံတွေ့ခဲ့သည်များရှိနေဆဲဖြစ်
ပါသည်၊ နှစ်ပေါင်းများစွာ ဘ၀ကိုတိုက်ပွဲဝင်၍ ထိုင်းနိုင်ငံအတွင်းဝမ်းရေးရှာဖွေစားသောက်နေ
ကြရသောမြန်မာအလုပ်သမားများအနေဖြင့်ေ၇ာင်နီမြင်လာရသော အနာ၈တ်ကို ကျိုးစား
လျှောက်လှမ်းနိုင်ကြပါစေ

yangon-tea.blogspot.com: future: knowledge: ဥပဒေရေးရာ(၁)

yangon-tea.blogspot.com: future: knowledge: ဥပဒေရေးရာ(၁): future: knowledge:
ထိုင်းနိုင်ငံတွင်ရောက်ရှိနေကြသောမြန်မာအလုပ်သမားများအနေနှင့် မြန်မာ-ထိုင်း(၂)နိုင်ငံပူးပေါင်း၍
ယာယီနိုင်ငံကူးလက်မှတ်များထုတ်ပေးနေသည်ဖြစ်ရာ လွန်ခဲ့သော(၂၀)နှစ်လောက်တွင် ထိုင်းတနိုင်ငံ
တည်းကထုတ်ပေးထားသောအလုပ်သမားကဒ်(ပန်းရောင်)နှင့်ကွဲပြားပြီး အခွင့်အရေးပို၍ရှိလာကြောင်း
သိနိုင်မည်ဖြစ်သည်၊ ငွေကုန်ကြေးကျများကြောင်းပြောဆိုနိုင်သော်လည်း အမှန်မှာကြားပွဲစားများကြောင့်
သာဖြစ်ကြောင်းလေ့လာလျှင်သိနိုင်ပါသည်၊  ဥပမာ   လူသစ်များကို ထော်ရော်ရိုက်ပေးလျှင် ၈ဏန်း(၁၃)
ရရှိပြီး အခကြေးငွေမှာ(၃၀၀၀)ဘတ်သာရှိပါသည်၊ သို့သော်ကြားပွဲစားများမှတဆင့်ဆိုလျှင်(၆၀၀၀)ဘတ်
အထိပေးကြရပါသည်။

စူရပ်ဌာနီခရိုင်-

    ထိုင်းနိုင်ငံတွင်းရှိ မြန်မာအလုပ်သမားများအား တရားဝင်သက်သေခံအထောက်အထားများ
ထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံမှ အလုပ်သမားညွှန်မှူး ဦးမျိုးအောင်(ဗမက) ၊အလုပ်သမားသံမှူး
ဦးကျော်ကျော်လွင်၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးမှ ဦးကျော်လွင် တို့နှင့်အတူ။

MOU အလုပ်သမားများ-

   မြန်မာနိုင်ငံမှရောက်ရှိလာသော  MOU အလုပ်သမားများ။ အလုပ်ရှင်၊ အေ၈ျင့်များနှင့်
စာချုပ်ပါအတိုင်းဆောင်ရွက်ပေးနိုင်ရန်  ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံမှူးကြီးဦးမျိုးတင့် နှင့်
သွားရောက်ဖြေရှင်းပေးခဲ့စဉ်။(၂၀၁၂)

NGO များနှင့်အတူ

ကိုခိုင်ကြီး(MAT)  ရဲမှူး ဦးဇော်ဝင်း  ဦးအောင်မျိုးသန့်  ဦးကျော်သောင်း(MAT)  ဦးချစ်ထူး(FED)
အဖွဲ့ဝင်များ။ (သံရုံး လွတ်လပ်ရေးနေ့ အခမ်းအနားတွင်)

နှစ်နိုင်ငံအစည်းအဝေး

(၂၆-၁၁-၂၀၁၂)နေ့ မြန်မာနှင့်ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးများအစည်းအဝေး။

                               

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေး-

               ထိုင်းနိုင်ငံ စွန်ခလာခရိုင်ရှိ  SIF စက်ရုံတွင် အလုပ်သမားများပြသနာကို
ဖြေရှင်းခဲ့စဉ်။(၂၀၁၂)

ဟတ်ဒရိုင်လေဆိပ်-

  စွန်ခလာခရိုင်တွင် MOU ၀င်ရောက်လာကြသော မြန်မာအလုပ်သမားများ စာချုပ်ပါအတိုင်းမခံစား
ရသည့်အတွက် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးတင်ဝင်း၊ အလုပ်သမားအရာရှိ ဦးကျော်
ကျော်လွင်၊ တို့နှင့်အတူ သွားရောဖြေရှင်းပေးခဲ့စဉ်။ (၂၀၁၂)

လူ့အခွင့်အရေးဆွေးနွေးမှု့

လူ့အခွင့်အရေး၊ တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှု့တားဆီးရေးအတွက် နှင့်
၂၀၁၅ ခုနှစ် အာစီယံနိုင်ငံများစုပေါင်းနိုင်ရေးအတွက် အကြိုဆွေးနွေးကြစဉ်၊စူရပ်ခရိုင်(၂၀၁၂)

ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများအတွက်-

ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများအား  တရားဝင်သက်သေခံစာရွက် စာတမ်းများထုတ်ပေးနိုင်ရေး
အတွက်   မြန်မာနိုင်ငံမှ အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်း နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးအောင်သိန်း စူရပ်ဌာနီ လေယာဉ်ကွင်းသို့ရောက်ရှိလာစဉ်။(၂၀၀၉)

ထိုင်းနိုင်ငံရှိမြန်မာသံရုံးအစည်းအဝေး

ထိုင်းနိုင်ငံ ရှိ မြန်မာအလုပ်သမားများ အတွက် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်  FED အဖွဲ့
MAT အဖွဲ့  NGO အဖွဲ့ များ ညှိနှိုင်းဆွေးနွေးကြစဉ်

မြန်မာကလေးများစာသင်ကျောင်း

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏သားသမီးများကို ဘာသာ ယဉ်ကျေးမှု့နှင့် အတန်းစာပေ
သင်ကြားပေးနေသော စူရပ်ခရိုင် ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းနေရာတွင် ဘာသာယဉ်ကျေးမှု့သင်ကြား
ပေးနေသော မြန်မာဘုန်းတော်ကြီးနှင့်အတူ။(၂၀၁၂)

မြန်မာအလုပ်သမားများသို့

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံသဘောတူညီချက်အရ-
ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသော မြန်မာအလုပ်သမားများ ကို ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်
ရန် စူရပ်ခရိုင် အလုပ်သမားဝန်ကြီးနှင့်အတူ ပင်လယ်ထွက် အစားအစာစက်ရုံတွင် ရှင်းလင်းပြစဉ်(၂၀၀၉) 

မြန်မာအလုပ်သမားများအခက်အခဲကို မြန်မာအလုပ်သမားသံမှူးနှင့် စွန်ခလာခရိုင်တွင်ရှင်းပေးခဲ့စဉ်

วันจันทร์ที่ 18 มีนาคม พ.ศ. 2556

ကျိုးစားသမျှ အရာထင်ပါရစေ

  မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသော မြန်မာ
အလုပ်သမားများအတွက် အထောက်အထားများရရှိစေရန် ဆောင်ရွက်နေကြသည်မှာ အထင်အရှား
မြင်တွေ့နေရသည်မှာ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနာ၈တ်တိုးတက်လှပမည်မှာမုချဖြစ်ပေ
သည်။    မြန်မာနိုင်ငံမှလည်းအလုပ်သမားဝန်ကြီးများထိုင်းနိုင်ငံသို့အခေါက်ခေါက် ရောက်လာပြီး ဆွေးနွေး
ခြင်း၊ကူညီခြင်း၊အကြံဥာဏ်ပေးခြင်းများဖြင့် မြန်မာအလုပ်သမားများ၏ တန်းတူသောအလုပ်သမားအခွင့်
အရေးရရှိစေရန် ဆောင်ရွက်ပေးနေသည်မှာလည်း အခြားသောအိမ်နီးခြင်းနိုင်ငံများမှပင် ၀မ်းမြောက်
ဝမ်းသာ အတုယူစရာ ဟုသတ်မှတ်လာကြသည်။
 သို့ပါလည်း မြန်မာအလုပ်သမားများအနေဖြင့် မသိတာကိုသိအောင် သိပြီးသားကို အသုံးချတတ်အောင်
ဆောင်ရွက်ရာတွင် အားနည်းနေကြသေးပါသည်။ ခွဲခြားရှင်းပြရပါလျှင်-
 (၁) အလုပ်သမားများပင်ကိုယ်က သိနားလည်အောင် မကျိုးစားခြင်း(သို့)အချိန်မပေးနိုင်ခြင်း၊
 (၂) ထိုင်းနိုင်ငံအတွင်းရှိသိနားလည်ပြီးသူများက မိမိတို့လူမျိုးအလုပ်သမားများအတွက် ဆောင်ရွက်ပေးရန်
       ပျက်ကွက်ကြခြင်းပင်ဖြစ်သည်။
     အမှတ်(၁) အချက်တွင် စူရပ်ဌာနီတွင် ၁-၃-၂၀၁၃ ရက်နေ့တွင်ဖြစ်ခဲ့သောဖြစ်ရပ်မှန်ကိုကြည့်လျှင်-
မြန်မာအလုပ်သမားများအား ပန်းရံလုပ်ငန်းခွင် တခုတွင်ဝင်ရောက်ဖမ်းဆီးရာ အလုပ်လုပ်ခွင့်(WP)မရှိ
သောမြန်မာအလုပ်သမား(၁၁)ဦးဖမ်းဆီးခြင်းခံခဲ့ရပါသည်။  ရာဇ၀တ်မှု့ မဟုတ်သော အလုပ်သမား
ဥပဒေနှင့် ဖမ်းဆီးခံခဲ့ရပြီး၊  ခိုင်းစေသောအလုပ်ရှင်ကို အရေးမယူဘဲ  အလုပ်သမားမိန်းကလေးများသာ
လက်ထိပ်ခတ်ခံရခြင်း၊အာမခံမရဘဲ အချုပ်ခံရခြင်းများဖြစ်ခဲ့ရပါသည်။ ရာဇ၀တ်မှု့များတွင်ပင် တရားခံ
သည်မိန်းကလေးဖြစ်ခဲ့လျှင် လက်ထိပ်မခတ်ရပါ။ ယခုအမှု့သည်အလုပ်သမားဥပဒေအရသာအရေးယူ
ခြင်းဖြစ်သည့်အတွက် ၀မ်းနည်းစရာ လွဲမှားသောဖြစ်ရပ်တခုဖြစ်ခဲ့ရပါသည်၊
    နောက်ဆုံးစုံစမ်းချက်အရ- အခြားနယ်မှ အိမ်ဆောက်ကန်ထရိုက်တာ က နယ်ခံကန်ထရိုက်နေရာတွင်
လုပ်ငန်းရသွားခြင်းအပေါ် ညိုညင်သောတွန်းတိုင်မှု့တွင် မြန်မာအလုပ်သမကလေးများတန်ဆာခံဖြစ်ရခြင်း
ဟုသိရပါသည်။