မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသော မြန်မာ
အလုပ်သမားများအတွက် အထောက်အထားများရရှိစေရန် ဆောင်ရွက်နေကြသည်မှာ အထင်အရှား
မြင်တွေ့နေရသည်မှာ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနာ၈တ်တိုးတက်လှပမည်မှာမုချဖြစ်ပေ
သည်။ မြန်မာနိုင်ငံမှလည်းအလုပ်သမားဝန်ကြီးများထိုင်းနိုင်ငံသို့အခေါက်ခေါက် ရောက်လာပြီး ဆွေးနွေး
ခြင်း၊ကူညီခြင်း၊အကြံဥာဏ်ပေးခြင်းများဖြင့် မြန်မာအလုပ်သမားများ၏ တန်းတူသောအလုပ်သမားအခွင့်
အရေးရရှိစေရန် ဆောင်ရွက်ပေးနေသည်မှာလည်း အခြားသောအိမ်နီးခြင်းနိုင်ငံများမှပင် ၀မ်းမြောက်
ဝမ်းသာ အတုယူစရာ ဟုသတ်မှတ်လာကြသည်။
သို့ပါလည်း မြန်မာအလုပ်သမားများအနေဖြင့် မသိတာကိုသိအောင် သိပြီးသားကို အသုံးချတတ်အောင်
ဆောင်ရွက်ရာတွင် အားနည်းနေကြသေးပါသည်။ ခွဲခြားရှင်းပြရပါလျှင်-
(၁) အလုပ်သမားများပင်ကိုယ်က သိနားလည်အောင် မကျိုးစားခြင်း(သို့)အချိန်မပေးနိုင်ခြင်း၊
(၂) ထိုင်းနိုင်ငံအတွင်းရှိသိနားလည်ပြီးသူများက မိမိတို့လူမျိုးအလုပ်သမားများအတွက် ဆောင်ရွက်ပေးရန်
ပျက်ကွက်ကြခြင်းပင်ဖြစ်သည်။
အမှတ်(၁) အချက်တွင် စူရပ်ဌာနီတွင် ၁-၃-၂၀၁၃ ရက်နေ့တွင်ဖြစ်ခဲ့သောဖြစ်ရပ်မှန်ကိုကြည့်လျှင်-
မြန်မာအလုပ်သမားများအား ပန်းရံလုပ်ငန်းခွင် တခုတွင်ဝင်ရောက်ဖမ်းဆီးရာ အလုပ်လုပ်ခွင့်(WP)မရှိ
သောမြန်မာအလုပ်သမား(၁၁)ဦးဖမ်းဆီးခြင်းခံခဲ့ရပါသည်။ ရာဇ၀တ်မှု့ မဟုတ်သော အလုပ်သမား
ဥပဒေနှင့် ဖမ်းဆီးခံခဲ့ရပြီး၊ ခိုင်းစေသောအလုပ်ရှင်ကို အရေးမယူဘဲ အလုပ်သမားမိန်းကလေးများသာ
လက်ထိပ်ခတ်ခံရခြင်း၊အာမခံမရဘဲ အချုပ်ခံရခြင်းများဖြစ်ခဲ့ရပါသည်။ ရာဇ၀တ်မှု့များတွင်ပင် တရားခံ
သည်မိန်းကလေးဖြစ်ခဲ့လျှင် လက်ထိပ်မခတ်ရပါ။ ယခုအမှု့သည်အလုပ်သမားဥပဒေအရသာအရေးယူ
ခြင်းဖြစ်သည့်အတွက် ၀မ်းနည်းစရာ လွဲမှားသောဖြစ်ရပ်တခုဖြစ်ခဲ့ရပါသည်၊
နောက်ဆုံးစုံစမ်းချက်အရ- အခြားနယ်မှ အိမ်ဆောက်ကန်ထရိုက်တာ က နယ်ခံကန်ထရိုက်နေရာတွင်
လုပ်ငန်းရသွားခြင်းအပေါ် ညိုညင်သောတွန်းတိုင်မှု့တွင် မြန်မာအလုပ်သမကလေးများတန်ဆာခံဖြစ်ရခြင်း
ဟုသိရပါသည်။
ไม่มีความคิดเห็น:
แสดงความคิดเห็น