วันจันทร์ที่ 14 กรกฎาคม พ.ศ. 2557

ထိုင်းနိုင်ငံတောင်ပိုငး၊စူရပ်ဌာနီမြို့၊ဖိုဝိုင်ဘုန်တော်ကြီးကျောင်းဝန်းအတွင်း မြန်မာကျောင်း။








ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီမြို့ ဖိုဝိုင်ဘုန်းတော်ကြီူကျောင်းဝန်းအတွင်း ဆောက်လုပ်ပြီးစီလုဖြစ်သော
မြန်မာကျောင်းတွင် စူရပ်ဌာနီမြို့ရှိ မြန်မာအလုပ်သမားများစုပေါင်း ၀ါဆိုသင်္ကန်းကပ်ပွဲနှင့် ပျော်ပွဲ ၇ွှင်ပွဲများ
ကျင်းပပြုလုပ်ခဲ့ကြပါသည်။ကျောင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ဦး မှ မြန်မာကျောင်း
ဆောက်လုပ်မှု့စာရင်ရှင်းကို ရှင်းခြင်း၊  မြန်မာလူမျိုများ(ရှမ်း၊ကချင်၊ကရင်၊ကယား၊မွန်၊ရခိုင်၊မြန်မာ၊ချင်း)
အားလုံးပိုင်ဆိုင်သော မြန်မာကျောင်း ဖြစ်ကြောင်း၊အဖျက်စကားရပ်များကိုကြားပါလျှင်လည်း ကော်မတီသို့
တိုက်ရိုက် မေးမြန်းနိုင်ကြောင်း  ယခင်အလုပ်သမားဒုဝန်ကြီးဦးမြင့်သိန်း ဘတ်(200000) မတည်ပေးခဲ့သည်နောက်တွင် မည်သည့်အကူအညီကိုမျှမရခဲ့ကြောင်း မြန်မာအလုပ်သမားများစုပေါင်း
လှူဒါန်းမှု့ဖြင့်သာ  ယခု(၂)ကျောင်းဆောင် ပြီးစီးလုနီးပါးဆောက်လုပ်နိုင်တာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီးခရီးစဉ်



မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီးဦးထင်အောင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး  မြန်မာအလုပ်သမားများ
အတွက်တရားဝင် အထောက်အထားများရရှိလာနိုင်ရေးအတွက်  ပတ်စပို့စခန်းများလာရောက်ဖွင့်ပေး
ခဲ့ရာတွင်  ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ-ကော့သောင်းမြို့သို့ ရောက်စဉ် မြို့မိ မြို့ဖ/ အာဏာပိုင်များနှင့်တွေ့
ဆုံခဲ့ပါသည်။
     ယခုအချိန်တွင် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသောမြန်မာအလုပ်သမားများအား ယာယီအလုပ်
သမားကဒ်များကို  သြ၈ုတ်လလည်အထိ ထုတ်ပေးနေပြီးလည်းဖြစ်ပါသည်  ထိုနောက်တွင် မြန်မာအစိုးရ
အဖွဲ့မှ ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်း(၇)(နေရာ  ပတ်စပို့များဆောင်ရွက်ပေးမည်ဟုသိရသည်။
ပတ်စပို့ဆောင်ရွက်ရာတွင်  မြန်မာမှတ်ပုံတင်-သန်းခေါင်စာရင်းများမရှိသောမြန်မာများအတွက် အဆင်ပြေ
ချောမွေ့နိုင်စေရန် ထိုင်းနိုင်ငံအတွင်း အပိုင်းခွဲ၍ မြန်မာနိုင်ငံသား စီစစ်ပေးမည်ဖြစ်ပါသည်။
 မြန်မာနိုင်ငံသားအလုပ်သမားဖြစ်ပါက ထိုင်းနိုင်ငံအတွင်းရှိ ထိုနေရာများတွင် သွားရောက်ဆက်သွယ်`၍
အထောက်အထားရယူပြီး လွယ်ကူစွာ ပတ်စပို့ လုပ်ဆောင်နိုင်ရန်စီစဉ်ထားပြီးလည်းဖြစ်ပါသည်။
မြန်မာအလုပ်သမားများအနေဖြင့်  အလုပ်သမားအခွင့်အရေးဆုံးရှုံးနေမှု့များမှ ကာကွယ်နိုင်ရန်
မြန်မာနိုင်ငံအစိုးရ၏ဆောင်ရွက်မှု့တွင် ပါဝင် ပူးပေါင်းဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကြက်တူးရွေးက တော်တော်-


အထက်ပါ ပုံများသည် တနေရာတည်းဖြစ်သော်လည်း လပိုင်းအတွင်း မြန်မာမြေနေရာဖြစ်သောထိုကျောင်း
နေရာတွင် ထိုင်းအလံနှင့် ထိုင်းသာသန အလံ ၀င်ရောက်စိုက်ထူထားသောပုံများဖြစ်ပါသည်။ 
ဖြစ်ရပ်များကိုအနီးကပ်လေ့လာခွင့်ရခဲ့ခြင်းမှာ ထိုမြေနေရာနှင့် စာရေးသူ၏ လုပ်ကိုင်ခွင့်လျှောက်ထားခဲ့သောနေရာများသည်ဆက်စပ်မြေဖြစ်နေသောကြောင့်ဖြစ်သည်။  
2014 ခုနှစ် မြန်မာနိုင်ငံ သစ်တောအရာရှိများနှင့် နေကြာတောင်ယာကုမ္မဏီမြေ တိုင်းတာစဉ်ကအထက်ပုံ
ဖြစ်သည်။