วันจันทร์ที่ 14 กรกฎาคม พ.ศ. 2557

မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီးခရီးစဉ်



မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီးဦးထင်အောင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး  မြန်မာအလုပ်သမားများ
အတွက်တရားဝင် အထောက်အထားများရရှိလာနိုင်ရေးအတွက်  ပတ်စပို့စခန်းများလာရောက်ဖွင့်ပေး
ခဲ့ရာတွင်  ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ-ကော့သောင်းမြို့သို့ ရောက်စဉ် မြို့မိ မြို့ဖ/ အာဏာပိုင်များနှင့်တွေ့
ဆုံခဲ့ပါသည်။
     ယခုအချိန်တွင် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသောမြန်မာအလုပ်သမားများအား ယာယီအလုပ်
သမားကဒ်များကို  သြ၈ုတ်လလည်အထိ ထုတ်ပေးနေပြီးလည်းဖြစ်ပါသည်  ထိုနောက်တွင် မြန်မာအစိုးရ
အဖွဲ့မှ ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်း(၇)(နေရာ  ပတ်စပို့များဆောင်ရွက်ပေးမည်ဟုသိရသည်။
ပတ်စပို့ဆောင်ရွက်ရာတွင်  မြန်မာမှတ်ပုံတင်-သန်းခေါင်စာရင်းများမရှိသောမြန်မာများအတွက် အဆင်ပြေ
ချောမွေ့နိုင်စေရန် ထိုင်းနိုင်ငံအတွင်း အပိုင်းခွဲ၍ မြန်မာနိုင်ငံသား စီစစ်ပေးမည်ဖြစ်ပါသည်။
 မြန်မာနိုင်ငံသားအလုပ်သမားဖြစ်ပါက ထိုင်းနိုင်ငံအတွင်းရှိ ထိုနေရာများတွင် သွားရောက်ဆက်သွယ်`၍
အထောက်အထားရယူပြီး လွယ်ကူစွာ ပတ်စပို့ လုပ်ဆောင်နိုင်ရန်စီစဉ်ထားပြီးလည်းဖြစ်ပါသည်။
မြန်မာအလုပ်သမားများအနေဖြင့်  အလုပ်သမားအခွင့်အရေးဆုံးရှုံးနေမှု့များမှ ကာကွယ်နိုင်ရန်
မြန်မာနိုင်ငံအစိုးရ၏ဆောင်ရွက်မှု့တွင် ပါဝင် ပူးပေါင်းဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ไม่มีความคิดเห็น:

แสดงความคิดเห็น