วันพฤหัสบดีที่ 7 สิงหาคม พ.ศ. 2557

စည်းလုံးညီညာ အောင်ကြောင်းဖြာ-





ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲ  ကို စူရပ်ဌာနီခရိုင် ဖိုဝိုင်
ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဆောက်လုပ်နေဆသာ မြန်မာကျောင်းတွင် ၁၃၇၆ -ခုနှစ်
သင်္ကန်းကပ်ပွဲ က်ုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ စည်းလုံးခြင်းရလာဒ်

ထိုင်းနိုင်ငံတောင်ပိုင်း၊  စူရပ်ဌာနီမြို့ ၊ ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် -
 မြန်မာ ရွေ့ပြောင်းအလုပ်သမားများ စည်းလုံးစွာဖြင့်
စုပေါင်းဆောက်လုပ်ခဲ့ကြသော မြန်မာကျောင်း
သည်  ကုန်ကျငွေ ဘတ်(၃ရ)သိန်းကျော်ကုန်ကျခဲ့ပြီး
2015 ခုနှစ်ဖေဖေါ်ဝါရီလတွင် ပြီးစီးခဲ့ပါတယ်။
      မြန်မာ ရွေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးငယ်များ နောင်ရေးအတွက်  အသိအလိမ္မာ ပညာရစေ
သောငှာ  စာပေ၊ယဉ်ကျေးမှု့ကို (၂၀၀၆)ခုနှစ်မှစ၍ ထိုင်းကျောင်းထိုင်ဆရာတော်၏ ခွငါ့ပြုချက် ရယုကာ
သင်ကြား ပေးခဲ့ပါတယ်    သို့သော်မူလအဆောက်အအုံ ပျက်စီးသွားခဲ့ပြီး စာသင်ကြးမှု့မပြုနိုင်ခဲ့သည်မှာ
တနှစ်ကျော်ရှိခဲ့ပါတယ်။          မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းက   မတည်ငွေဘတ် နှစ်သိန်း(200000 ဘတ်) ဖြင့် ဤကျောင်းကြီးကိုဆက်လက်ဆောက်လုပ်ခဲ့ကြပါတယ်။                                                           
ထိုင်း မြန်မာ အလှူရှင်များ  ကောင်းမှု့ကုသိုလ်ကြောင့်
မြန်မာကျောင်း  ပြီးမြောက်ရခြင်းဖြစ်ပါတယ်။
  7/3/2015  နေ့ည(ရ)နာရီတွင်
ဆလုံကျွန်း(၈ျလန်း) ဆရာတော် က ယဉ်ကျေး
လိမ္မာမှု့ရှိစေရေး  တရားရေအေးတိုက်ကျွေးတော်
မူခဲ့ပါတယ်။
8/3/2015  နေ့တွင်  စူရပ်ခရိုင်ဝန်ကိုယ်တိုင်
တက်ရောက်လာပြီး  အခမ်းအနားဖွင့်လှစ်ပေး
ခြင်း၊  မြန်မာအလုပ်သမားများကလည်း ရေစက်
ချကာ  ထိုင်းကျောင်းထိုင်ဆရာတော်အား
မြန်မာကျောင်းကို ကပ်လှူခြင်းများကို စည်ကား
သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။







วันจันทร์ที่ 14 กรกฎาคม พ.ศ. 2557

ထိုင်းနိုင်ငံတောင်ပိုငး၊စူရပ်ဌာနီမြို့၊ဖိုဝိုင်ဘုန်တော်ကြီးကျောင်းဝန်းအတွင်း မြန်မာကျောင်း။








ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီမြို့ ဖိုဝိုင်ဘုန်းတော်ကြီူကျောင်းဝန်းအတွင်း ဆောက်လုပ်ပြီးစီလုဖြစ်သော
မြန်မာကျောင်းတွင် စူရပ်ဌာနီမြို့ရှိ မြန်မာအလုပ်သမားများစုပေါင်း ၀ါဆိုသင်္ကန်းကပ်ပွဲနှင့် ပျော်ပွဲ ၇ွှင်ပွဲများ
ကျင်းပပြုလုပ်ခဲ့ကြပါသည်။ကျောင်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ဦး မှ မြန်မာကျောင်း
ဆောက်လုပ်မှု့စာရင်ရှင်းကို ရှင်းခြင်း၊  မြန်မာလူမျိုများ(ရှမ်း၊ကချင်၊ကရင်၊ကယား၊မွန်၊ရခိုင်၊မြန်မာ၊ချင်း)
အားလုံးပိုင်ဆိုင်သော မြန်မာကျောင်း ဖြစ်ကြောင်း၊အဖျက်စကားရပ်များကိုကြားပါလျှင်လည်း ကော်မတီသို့
တိုက်ရိုက် မေးမြန်းနိုင်ကြောင်း  ယခင်အလုပ်သမားဒုဝန်ကြီးဦးမြင့်သိန်း ဘတ်(200000) မတည်ပေးခဲ့သည်နောက်တွင် မည်သည့်အကူအညီကိုမျှမရခဲ့ကြောင်း မြန်မာအလုပ်သမားများစုပေါင်း
လှူဒါန်းမှု့ဖြင့်သာ  ယခု(၂)ကျောင်းဆောင် ပြီးစီးလုနီးပါးဆောက်လုပ်နိုင်တာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီးခရီးစဉ်



မြန်မာနိုင်ငံမှ အလုပ်သမားဒုဝန်ကြီးဦးထင်အောင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး  မြန်မာအလုပ်သမားများ
အတွက်တရားဝင် အထောက်အထားများရရှိလာနိုင်ရေးအတွက်  ပတ်စပို့စခန်းများလာရောက်ဖွင့်ပေး
ခဲ့ရာတွင်  ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ-ကော့သောင်းမြို့သို့ ရောက်စဉ် မြို့မိ မြို့ဖ/ အာဏာပိုင်များနှင့်တွေ့
ဆုံခဲ့ပါသည်။
     ယခုအချိန်တွင် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသောမြန်မာအလုပ်သမားများအား ယာယီအလုပ်
သမားကဒ်များကို  သြ၈ုတ်လလည်အထိ ထုတ်ပေးနေပြီးလည်းဖြစ်ပါသည်  ထိုနောက်တွင် မြန်မာအစိုးရ
အဖွဲ့မှ ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်း(၇)(နေရာ  ပတ်စပို့များဆောင်ရွက်ပေးမည်ဟုသိရသည်။
ပတ်စပို့ဆောင်ရွက်ရာတွင်  မြန်မာမှတ်ပုံတင်-သန်းခေါင်စာရင်းများမရှိသောမြန်မာများအတွက် အဆင်ပြေ
ချောမွေ့နိုင်စေရန် ထိုင်းနိုင်ငံအတွင်း အပိုင်းခွဲ၍ မြန်မာနိုင်ငံသား စီစစ်ပေးမည်ဖြစ်ပါသည်။
 မြန်မာနိုင်ငံသားအလုပ်သမားဖြစ်ပါက ထိုင်းနိုင်ငံအတွင်းရှိ ထိုနေရာများတွင် သွားရောက်ဆက်သွယ်`၍
အထောက်အထားရယူပြီး လွယ်ကူစွာ ပတ်စပို့ လုပ်ဆောင်နိုင်ရန်စီစဉ်ထားပြီးလည်းဖြစ်ပါသည်။
မြန်မာအလုပ်သမားများအနေဖြင့်  အလုပ်သမားအခွင့်အရေးဆုံးရှုံးနေမှု့များမှ ကာကွယ်နိုင်ရန်
မြန်မာနိုင်ငံအစိုးရ၏ဆောင်ရွက်မှု့တွင် ပါဝင် ပူးပေါင်းဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကြက်တူးရွေးက တော်တော်-


အထက်ပါ ပုံများသည် တနေရာတည်းဖြစ်သော်လည်း လပိုင်းအတွင်း မြန်မာမြေနေရာဖြစ်သောထိုကျောင်း
နေရာတွင် ထိုင်းအလံနှင့် ထိုင်းသာသန အလံ ၀င်ရောက်စိုက်ထူထားသောပုံများဖြစ်ပါသည်။ 
ဖြစ်ရပ်များကိုအနီးကပ်လေ့လာခွင့်ရခဲ့ခြင်းမှာ ထိုမြေနေရာနှင့် စာရေးသူ၏ လုပ်ကိုင်ခွင့်လျှောက်ထားခဲ့သောနေရာများသည်ဆက်စပ်မြေဖြစ်နေသောကြောင့်ဖြစ်သည်။  
2014 ခုနှစ် မြန်မာနိုင်ငံ သစ်တောအရာရှိများနှင့် နေကြာတောင်ယာကုမ္မဏီမြေ တိုင်းတာစဉ်ကအထက်ပုံ
ဖြစ်သည်။

วันพฤหัสบดีที่ 5 มิถุนายน พ.ศ. 2557

ထိုင်းနိုင်ငံ၊စူရပ်ဌာနီ၊ဖိုဝိုင်ဘုန်းတော်ကြီးကျေင်းဝန်းအတွင်းရှိ မြန်မာကျောင်း-


မေတ္တာတရားခေါင်းပါးလာကြတဲ့ခေတ်မှာ လောကပါလ တရားတော်မြတ်အတိုင်း မေတ္တာတရားထားနိုင်ကြမှဖြစ်မယ်    ထိုင်းနိုင်ငံမှာရောက်နေကြတဲ့ မြန်မာကလေး
ငယ်များအတွက်ကို ရည်ရွယ်ပါတယ်။ တနိုင်ငံလုံးမှာ မဟုတ်ပေမဲ့  နီးစပ်ရာမှာရှိတဲ့ မြန်မာအလုပ်သမားတွေ
ရဲ့သား/သမီးတွေ ဟာအနာ၈တ်မဲ့နေတာကို တစိပ်တပိုင်းကူညီလာခဲ့တဲ့  လုပ်ငန်းစဉ်တွေမှာ ခိုင်မာသထက်
ခိုင်မာအောင် အုဌ်မြစ်ချပေးခဲ့ခြင်းပါ။   နိုင်ငံတော်လူကြီးများ၏ကူညီမှု့၊ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား
များ၏စုပေါင်းဝိုင်းဝန်းကြခြင်းအပေါ်တွင်ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြင့် မြန်မာကျောင်းကြီး အမိုးမိုးပြီးစီးခဲ့လေပြီ။


วันอาทิตย์ที่ 11 พฤษภาคม พ.ศ. 2557

ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားရေး။

 မြန်မာမာနိုင်ငံအလုပ်သမားဝန်ကြီူဌာန-ဒုဝန်ကြီးဒေါက်တာထင်အောင် နှင့်မြန်မာနိုင်ငံကော့သောင်းမြို့ရှိ
မြန်မာနိုင်ငံဘက်မှ ပတ်စပို့ထုတ်ပေးရေးရုံးသို့ သွားရောက်ခဲ့စဉ်။
 မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ ညွှန်ချုပ် ဦးမျိုးအောင်+မြန်မာနိုင်ငံမှ လ၀က ညွှန်မှူးဦတင်ရှိန် တို့နှင့်
 မြန်မာနိုင်ငံကော့သောင်းမြို့ရှိ ပတ်စပို့ထုတ်ပေးရေးရုံးမှပြန်လာစဉ်။
 မြန်မာနိုင်ငံမှ ရဲချုပ် ဦးကျော်စိုးနှင့် ထိုင်းနိုင်ငံအတွင်း အမှတ်တရ။
 မြန်မာနိုင်ငံ ကော့သောင်းမြို့ရှိ ပတ်စပို့ထုတ်ပေးရေးရုံးတွင် မြန်မာနိုင်ငံအလုပ်သမားဒုဝန်ကြီး က
ညှိနှိုင်းဆွေးနွေးမှု့များပြုလုပ်ပြောကြားစဉ်(10/5/2014)
ထိုင်းနိုင်ငံအတွင်းခရီူစဉ်နားစဉ် အမှတ်တရ။
             မြန်မာနိုင်ငံ- အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားဒုဝန်ကြီးဒေါက်တာထင်အောင်နှင့်အလုပ်
သမားညွှန်ချုပ်ဦးမျိုးအောင် ဦးဆောင်သောအဖွဲ့သည် ထိုင်းနိုင်ငံမှမြန်မာအလုပ်သမားများ အနာ၈တ်အရေး
နှင့်မြန်မာနိုင်ငံသားများထိုင်းနိုင်ငံအတွင်းတရားဝင် လည်ပတ်ခြင်း၊အလုပ်လုပ်ကိုင်နိုင်ခြင်းများအတွက်
(9/5/2014-10/5/2014)နေ့များတွင်ထိုင်းနိုင်ငံသို့ရောက်ရှိလာကြပြီး စီစဉ်ဆောင်ရွက်မှု့များပြုလုပ်ပေးခဲ့သည်
(၁)  ပတ်စပိုလေးနှစ်ပြည်ပြီးသူများအား သက်တမ်းရှိနေသေးပါက ၄င်းယာယီနိုင်ငံကူးလက်မှတ်ပေါ်တွင်
       ဗီဇာ(၂)နှစ်ထပ်မံတိုးပေးရန်။
        အထောက်အထားပြည့်စုံသော လေးနှစ်ပြည့်သမားများအား သာမန်ပတ်စပိုထုတ်ယူနိုင်ရေး။
(၂)  အထောက်အထားမဲ့များသည် နယ်စပ်တွင်သွားရောက်ပြီးအထောက်အထားရယူ၍ သာမန်ပတ်စပို
       ထုတ်ယူနိုင်ရန်။
(၃)  မြန်မာနိုင်ငံကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့များတွင် ပတ်စပို့ရုံးများကို ဖွင့်ပေးထားပြီးဖြစ်၍
       အဆင်ပြေသည့်နေရာတွင်သွားရောဆောင်ရွက်နိုင်ကြောင်းသိရပါသည်။

วันพฤหัสบดีที่ 24 เมษายน พ.ศ. 2557

 ကျွေးဖခင်ကြီး ထံ (10-4-2014)နေ့ရောက်ခဲ့စဉ်
မောင်နှမ များနှင့် ဖခင်ကြီးတို့ အတူ အမှတ်တရ။

วันอาทิตย์ที่ 23 มีนาคม พ.ศ. 2557

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ အထိမ်းအမှတ်

 စူရပ်ဌာနီခရိုင် ဖိုဝိုင်ဘုန်တော်ကြီးကျောင်းဝန်းအတွင်းရှိ မြန်မာကျောင်း ဖြစ်မြောက်ရေးကော်မတီ
         ကျောင်းရုံးခမ်းအတွင်း၌  ရှေ့လုပ်ငန်းစဉ်များ ကို ဆွေးနွေးကြစဉ်။

 ကျောင်း အမိုးမိုးရန် အမိုးဆရာ ဦးကြည်လွင် ခေါင်းဆောင်သောအဖွဲ့ ကဆောင်ရွက်နေကြစဉ်။

วันอาทิตย์ที่ 16 กุมภาพันธ์ พ.ศ. 2557

ထိုင်းနိုင်ငံ၊စူရပ်ဌာနီမြို့၊ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းတွင်-


ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ သန်းချီ၍ရှိနေကြပြီး၊ ၄င်းတို့နှင့်အတူပါ သားသမီးများ၏ အနာ၈တ်အရေးမှာ စာပေ၊ယဉ်ကျေးမှု့အသိအလိမ္မာ တတ်ကျွမ်းနားလည်နိုင်ရေးသည်အဓိကဖြစ်ပါသည်။
ထိုကြောင့် တိုးတက်ပြောင်းလဲနေသော မြန်မာနိုင်ငံကို အနာ၈တ်တွင် ပြန်လည်ပူးပေါင်း ဦးဆောင်နိုင်ရေး
တွင် မြန်မာအလုပ်သမာသားသမီးများကို လေ့ကျင့်သင်ကြားပေးရန်လိုပါသည်။သို့အတွက် တတ်နိုင်သည့်
နေရာမှာ ထိုင်း ကျောင်းထိုင်ဆရာတော်ကို ခွင့်ပြုချက်ရယူပြီး  ၂၀ကိုက်* ၁၅ကိုက်ရှိသော မြန်မာကျောင်း
ဆောက်လုပ်နေရာတွင် မြင်ကွင်းတခုဖြစ်ပါသည်။

วันพฤหัสบดีที่ 23 มกราคม พ.ศ. 2557

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအတွက်-

  ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများကူညီစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ကြရန်
                                      ဆွေးနွေးခဲ့စဉ်က။













မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့ ၏စားဝတ်နေရေးကိုဆောင်ရွက်နေကြရသည်မှန်သော်လည်း မိမိ
တို့သား/သမီး များ(မျိုးဆက်သစ်များ) အရေးကိုလည်းအလေးထားဘို့ပြောလိုပါသည်။ မိမိနှင့်အတူ သား/သမီး
များ စားဝတ်နေရေးကို ရှာဖွေရင်း သားသမီးများကိုလည်း သွန်သင်မှု့ပြုကြစေလိုသည်။  သား/သမီး က မုန့်
စားလို၍မုန့်ဖိုးပေးသည်မှန်သော်လည်း  ထိုပေးလိုက်သောမုန့်ဖိုး ၏ အစစ်အမှန်တန်ဖိုးကိုနားလည်စေဘို့
သင်ကြားပေးပါ။   NGO အများ၏သုံးသပ်ချက်အရ  ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းအလုပ်သမားသုံးသန်းနီးပါး
ရှိရာ မြန်မာအလုပ်သမားက သုံးပုံ နှစ်ပုံ ရှိသည်ဟုသိရပါသည်။   ထိုအလုပ်သမားများနှင့်အတူပါလာကြ
သော မျိုးဆက်သစ်ကလးများသည် မြန်မာနိုင်ငံ၏အနာ၈တ်ကို ဦးဆောင်ကြရမည်သာဖြစ်သည်။
    သယံဇာတပေါကြွယ်လှသောမြန်မာနိုင်ငံကို ဖွံဖြိုးတိုးတက်စေရန်ဆောင်ရွက်ကြမည်ဖြစ်သော မြန်မာ
မျိုးဆက်သစ်များအနေနှင့် အတွေးအခေါ် ဥာဏ်ရည် ဥာဏ်ကဲ(IQ) ပြည်စုံရန်လိုပါသည်။
ဥပမာတခုအနေနှင့် ပြောရလျှင်- သစ်ပင်ကြီးတပင်ကို ခုတ်လှဲရောင်းချ လျှင် ငွေရသည်မှန်သော်လည်း
ထိုသစ်ပင်ကြီးကိုပင် ခွဲခြမ်းစိတ်ဖြာ၍ ပရိဘောကပြုလုပ်ရောင်းချကာငွေရှာနိုင်ခြင်းက  သဘာဝအရင်း
အမြစ်ကို မှန်ကန်စွာအသုံးပြုခြင်းပင်ဖြစ်ပါသည်။  သို့အတွက် မြန်မာနိုင်ငံ၏အနာ၈တ်မျိုးဆက်သစ်တွေကို
တတ်နိုင်သမျှ ပြုစုပျိုးထောင်ပေးကြပါ။  မျိုးဆက်သစ်တွေ အနေကလည်း အနာ၈တ်မြန်မာပြည်ကို မိမိတို့
ဦးဆောင်ရမည်ဆိုသော အသိဖြင့် ကျိုးစားကျင့်ကြံပါ။  နောက်ဆုံး မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်
တောင်မှ သင့်တော်တဲ့ အကျင့်တွေမပျောက်ကြစေရန် ၈ရုပြုကြပါစို့။