ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများကူညီစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ကြရန်
ဆွေးနွေးခဲ့စဉ်က။
မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့ ၏စားဝတ်နေရေးကိုဆောင်ရွက်နေကြရသည်မှန်သော်လည်း မိမိ
တို့သား/သမီး များ(မျိုးဆက်သစ်များ) အရေးကိုလည်းအလေးထားဘို့ပြောလိုပါသည်။ မိမိနှင့်အတူ သား/သမီး
များ စားဝတ်နေရေးကို ရှာဖွေရင်း သားသမီးများကိုလည်း သွန်သင်မှု့ပြုကြစေလိုသည်။ သား/သမီး က မုန့်
စားလို၍မုန့်ဖိုးပေးသည်မှန်သော်လည်း ထိုပေးလိုက်သောမုန့်ဖိုး ၏ အစစ်အမှန်တန်ဖိုးကိုနားလည်စေဘို့
သင်ကြားပေးပါ။ NGO အများ၏သုံးသပ်ချက်အရ ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းအလုပ်သမားသုံးသန်းနီးပါး
ရှိရာ မြန်မာအလုပ်သမားက သုံးပုံ နှစ်ပုံ ရှိသည်ဟုသိရပါသည်။ ထိုအလုပ်သမားများနှင့်အတူပါလာကြ
သော မျိုးဆက်သစ်ကလးများသည် မြန်မာနိုင်ငံ၏အနာ၈တ်ကို ဦးဆောင်ကြရမည်သာဖြစ်သည်။
သယံဇာတပေါကြွယ်လှသောမြန်မာနိုင်ငံကို ဖွံဖြိုးတိုးတက်စေရန်ဆောင်ရွက်ကြမည်ဖြစ်သော မြန်မာ
မျိုးဆက်သစ်များအနေနှင့် အတွေးအခေါ် ဥာဏ်ရည် ဥာဏ်ကဲ(IQ) ပြည်စုံရန်လိုပါသည်။
ဥပမာတခုအနေနှင့် ပြောရလျှင်- သစ်ပင်ကြီးတပင်ကို ခုတ်လှဲရောင်းချ လျှင် ငွေရသည်မှန်သော်လည်း
ထိုသစ်ပင်ကြီးကိုပင် ခွဲခြမ်းစိတ်ဖြာ၍ ပရိဘောကပြုလုပ်ရောင်းချကာငွေရှာနိုင်ခြင်းက သဘာဝအရင်း
အမြစ်ကို မှန်ကန်စွာအသုံးပြုခြင်းပင်ဖြစ်ပါသည်။ သို့အတွက် မြန်မာနိုင်ငံ၏အနာ၈တ်မျိုးဆက်သစ်တွေကို
တတ်နိုင်သမျှ ပြုစုပျိုးထောင်ပေးကြပါ။ မျိုးဆက်သစ်တွေ အနေကလည်း အနာ၈တ်မြန်မာပြည်ကို မိမိတို့
ဦးဆောင်ရမည်ဆိုသော အသိဖြင့် ကျိုးစားကျင့်ကြံပါ။ နောက်ဆုံး မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်
တောင်မှ သင့်တော်တဲ့ အကျင့်တွေမပျောက်ကြစေရန် ၈ရုပြုကြပါစို့။
ไม่มีความคิดเห็น:
แสดงความคิดเห็น