วันจันทร์ที่ 20 กรกฎาคม พ.ศ. 2558

ဖခင်ကြီး အလှူ နှင့် ကော့တောင်ကျွန်း အမှု့ သုံးသပ်ချက်

    အဖိုး၏.ဝါဆိုသင်္ကန်းအလှူ.စတုတ္ထမြောက်နေ့အဖြစ်
    မဲဇလီကျောင်းဆရာတော်အား.သင်္ကန်း. ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းတို့အား.သားသမီးများနှင့်အတူလှူဒါန်းစဉ်...
    — with Aung Htet Hein and 11 others.
    photos.
    ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့စမွေတရားရုံးတော်မှာ မြန်မာအလုပ်သမားလေး(၂)ဦး ရင်ဆိုင်နေ
    ရတဲ့ ကော့တောင်ကျွန်း လူသတ်မှု့မှာ အချက်အလက် (သို့) DNA နှင့်ပါတ်သက်သောအချက်
    အလက်များနှင့်ပါတ်သက်ပြီး တရားစွဲဆိုကြတဲ့ ရဲအဖွဲ့ က သက်တမ်းကုန် အရာများမှတပါး
    အချက်အလက်တွေ ပြည့်စုံလုနီးပါးရှိနေပါသေးတယ်- စစ်ဆေးမယ်ဆိုရင်လည်း တရားရုံးရဲ့
    အမိန့် အတိုင်းဆောင်ရွက်သွားမယ်လို့ပြောဆိုပြီး- တရားခံများဘက်ကလည်း DNA နှင့်ပါတ်သက်ပြီး ရှိတဲ့ အချက်တွေကို မှန်ကန်လွတ်လပ်စွာပြန်စစ်ဆေးဘို့-အထူးသဖြင့်
    Hannah ၏ DNA ပေါက်တူးအပေါ် တွေ့ရှိခြင်းကို ပြန်လည်စစ်ဆေးဘို့ကိုကျိုစားနေကြပါတယ် -
    အမှု့တွင် တရားလိုပြသက်သေ(၉)ဦး စစ်ဆေးပြီးဖြစ်သော်လည်း စွပ်စွဲခံရတဲ့ ၀င်းနှင့်ဇော် ကို
    ငြိစွန်းနိုင်သောအချက်အလက်များ မရှိကြောင်း (8-9-10 /7/ 2015) နေ့ အမှု့တွဲတွင်သက်သေထွက်ချက်များကိုကြည့်လျှင် ပေါ်လွင်နေပြီးလည်းဖြစ်ပါတယ်။ အဲဒီအခါမှာ ကျန်သက်သေ နှင့် ရဲများ၏ DNA တူညီပါသည်ဟူသောအချက်အပေါ် အဖြေရှာရန် ဖြစ်လာပါ
    တယ်။ သက်သေခံပစ္စည်းများကို စီမံခန့်ခွဲခြင်းနှင့်ပါတ်သက်ပြီး ပူဒ်မ-၅၁၆(က)။ ၅၁၇(၁)
    တို့တွင်ဖွင့်ဆိုချက်လည်းရှိပြီးဖြစ်ပါတယ်။
    ပြစ်မှု့တရပ်ရပ် ကျူးလွန်မှု့ နှင့်စပ်လျဉ်းနေကြောင်း လက္ခဏာရှိသည့် မည်သည့်ပစ္စည်းကိုမဆို
    စစ်ဆေးစီရင်မှု့ မပြီးဆုံးမှီ ကာလအတွင်းမပျောက်ပျက်အောင် ကောင်းမွန်စွာ ထိမ်းသိမ်းရမည်။
    မည်သည့်ပြစ်မှု့ဆိုင်ရာတရားရုံးတွင် မဆို စစ်ဆေးစီရင်မှု့ တခု ဆုံးခမ်းသို့ ရောက်ရှိသည့်တိုင်
    သက်သေခံပစ္စည်း/ အထောက်အထားများကို သိမ်းဆည်းရမည်။သဘာဝအလျှောက်ပျက်စီးလွယ်သည့်ပစ္စည်းဖြစ်နေလျှင် လိုအပ်သည့် ထင်မြင် ချက်များရေးမှတ်ပြီး တရားရုံး၏ စီမံခန့်ခွဲမှု့အရ အမိန်ချမှတ်နိုင်သည်။
    အထက်ပါကဲ့သို့ ဥပဒေအရ ပြဌာန်းထားချက်များရှိပါလျှက် / တရားစွဲအဖွဲ့သည် ဥပဒေနားလည်းကျွမ်းကျင်သူများဖြစ်ပါလျှက် လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့လျှင်၊ လေးစားလိုက်နာ
    မှု့မရှိလျှင် မျှတမှန်ကန်စွာ ဆုံးဖြတ်ပေးလေ့ရှိသော ထိုင်းနိုင်ငံတရားစီရင်ရေးအရ ဥပဒေကို
    တိမ်းစောင်းမှု့ မရှိစေရန် မြန်မာအလုပ်သမား(၂)ဦးဖြစ်ကြသည့် ၀င်းနှင့်ဇော် တို့ကို အမှု့ မှ
    အပြီးအပြတ် လွတ်ပေးရန်သာရှိပါတယ်။

ไม่มีความคิดเห็น:

แสดงความคิดเห็น