ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းအလုပ်သမားများကူညီစောင့်ရှောက်ရေးအတွက် ဆောင်ရွက်ကြရန်
ဆွေးနွေးခဲ့စဉ်က။
မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့ ၏စားဝတ်နေရေးကိုဆောင်ရွက်နေကြရသည်မှန်သော်လည်း မိမိ
တို့သား/သမီး များ(မျိုးဆက်သစ်များ) အရေးကိုလည်းအလေးထားဘို့ပြောလိုပါသည်။ မိမိနှင့်အတူ သား/သမီး
များ စားဝတ်နေရေးကို ရှာဖွေရင်း သားသမီးများကိုလည်း သွန်သင်မှု့ပြုကြစေလိုသည်။ သား/သမီး က မုန့်
စားလို၍မုန့်ဖိုးပေးသည်မှန်သော်လည်း ထိုပေးလိုက်သောမုန့်ဖိုး ၏ အစစ်အမှန်တန်ဖိုးကိုနားလည်စေဘို့
သင်ကြားပေးပါ။ NGO အများ၏သုံးသပ်ချက်အရ ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းအလုပ်သမားသုံးသန်းနီးပါး
ရှိရာ မြန်မာအလုပ်သမားက သုံးပုံ နှစ်ပုံ ရှိသည်ဟုသိရပါသည်။ ထိုအလုပ်သမားများနှင့်အတူပါလာကြ
သော မျိုးဆက်သစ်ကလးများသည် မြန်မာနိုင်ငံ၏အနာ၈တ်ကို ဦးဆောင်ကြရမည်သာဖြစ်သည်။
သယံဇာတပေါကြွယ်လှသောမြန်မာနိုင်ငံကို ဖွံဖြိုးတိုးတက်စေရန်ဆောင်ရွက်ကြမည်ဖြစ်သော မြန်မာ
မျိုးဆက်သစ်များအနေနှင့် အတွေးအခေါ် ဥာဏ်ရည် ဥာဏ်ကဲ(IQ) ပြည်စုံရန်လိုပါသည်။
ဥပမာတခုအနေနှင့် ပြောရလျှင်- သစ်ပင်ကြီးတပင်ကို ခုတ်လှဲရောင်းချ လျှင် ငွေရသည်မှန်သော်လည်း
ထိုသစ်ပင်ကြီးကိုပင် ခွဲခြမ်းစိတ်ဖြာ၍ ပရိဘောကပြုလုပ်ရောင်းချကာငွေရှာနိုင်ခြင်းက သဘာဝအရင်း
အမြစ်ကို မှန်ကန်စွာအသုံးပြုခြင်းပင်ဖြစ်ပါသည်။ သို့အတွက် မြန်မာနိုင်ငံ၏အနာ၈တ်မျိုးဆက်သစ်တွေကို
တတ်နိုင်သမျှ ပြုစုပျိုးထောင်ပေးကြပါ။ မျိုးဆက်သစ်တွေ အနေကလည်း အနာ၈တ်မြန်မာပြည်ကို မိမိတို့
ဦးဆောင်ရမည်ဆိုသော အသိဖြင့် ကျိုးစားကျင့်ကြံပါ။ နောက်ဆုံး မသင့်တော်တဲ့ နေရာကို ရောက်ခဲ့ရင်
တောင်မှ သင့်တော်တဲ့ အကျင့်တွေမပျောက်ကြစေရန် ၈ရုပြုကြပါစို့။
วันพฤหัสบดีที่ 23 มกราคม พ.ศ. 2557
မျိုးဆက်သစ်များအရေး-မမေ့ကြစေရေး-
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများတို့-
လူသားတိုင်းဟာ လူရယ်လို့ဖြစ်လာကတည်းက
တာဝန်ကိုယ်စီ ပါလာကြပါတယ်။ မသိ၍ဖြစ်စေ
ဆန်းစစ် သိရှိ၍ဖြစ်စေ ထိုတာဝန်ကို လူတိုင်းထမ်း
ဆောင်ကြခြင်းသည် လူသားပင်ဖြစ်သည်။ လူသား
တဦးအနေဖြင့် ကောင်း/ဆိုးများကိုဆောင်ရွက်နေကြသည်။ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည်လည်း လူအများ
၏ ချီးမွမ်းခြင်း/ကဲ့ရဲ့ခြင်းများကို ခံရစမြဲသာဖြစ်သည်။ အများက ချီးမွမ်းသည်ဖြစ်စေ ။ကဲ့ရဲ့သည်ဖြစ်စေ။ ထိုလူ
သားသည် လူသားတဦး၏တာဝန်ကိုထမ်းဆောင်ခြင်းပင်၊ ဆောင်ရွက်မှု့ ကောင်းမွေ၊ဆိုးမွေများကလည်း
ထိုလူသား၏သမိုင်းမှတ်ကျောက်တခုသာဖြစ်
ရပေသည်။
မိမိတို့သား/သမီးများကို နံက်အိပ်ယာထလျှင်
မိမိအိပ်ယာ၊ မိမိသိမ်းဆည်းရန်အတွက် မိဘများ
က သွန်သင်ညွှန်ကြားပါသလား ဟု မေးလိုပါသည်။
ထိုသို့ပြုခြင်းမှာ သား/သမီးဖြစ်ကြသော လူသား
ကလေးများ၏တာဝန်ကို ကောင်းသည့်ဘက်သို့
မိဘများက ညွှန်ပြခြင်း သာဓက တခုပင်။
သားသမီးအနေနှင့်လည်း မိမိနေစဉ်အိပ်ရသော
နေရာတွင် အိပ်ယာအိပ်ခင်း သန့်ရှင်းစင်ကြယ်
သည့်အပြင် အမြဲတမ်းအိပ်ယာအပေါ် တွင် အမြတ်တနိုး တန်ဖိုးထားစိတ်များကိုဖြစ်ပေါ်စေနိုင်
မည်။ ထိုမှတဆင့် လူသားတဦး၏တာဝန်ကို ကောင်း
သည့်ဘက်တွင် ထမ်းဆောင်တတ်ခြင်းဆိုသော
အလေ့အထ ကိုလည်းရနိုင်ပေမည်။
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသောနိုင်ငံ
ဖြစ်သည်။သို့သော် ထို သယံဇာတများကို စီမံခန့်ခွဲ
ကြမည့် မြန်မာမျိုးဆက်သစ်များကို ထူထောင်ပေး
ရန် တံခါးဖွင့်ဝါဒ ကျင့်သုံးလာနေသော မြန်မာပြည်
တွင် အရေးတကြီးတာဝန် ပေါ်ပေါက်နေပြီဖြစ်ပါ
သည်။
လူ့ဘ၀မှာ- အရေးအကြီးဆုံး(၂)ခုဘဲရှိတယ်
(၁) ကိုယ်ကျင့်တရား (၂) အမှန်တရားကိုမြတ်နိုးမှု့
ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း ကပြောခဲ့ဘူးပါသည်
အထက်ပါအချက်များကို မျိုးဆက်သစ်များ ရင်တွင်းအသိဖြစ်လာအောင်ပျိုးထောင်ပေးရန်ကို
အလေးထားဘို့လိုပါသည်။
အနာ၈တ်ကောင်း ကို လူတိုင်းလူတိုင်း ရယူလိုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော်
ထိုအနာ၈တ် ကောင်းကျိုးရလဒ်အတွက်အတိတ်မှ
ဖြစ်ရပ်များကိုသုံးသပ်ပြီး၊ ပစ္စုပန်တွင် မှန်ကန်စွာ
ကျိုးစားဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟူသော
အချက်ကိုလည်း မေ့မထားသင့်ပေ။ ထိုအတူ ရှေးပညာရှိကြီးများ၏ အောက်ပါအဆိုအမိန့်ကိုလည်း လေ့လာမှတ်သားကျင့်ကြံနိုင်ကြပေါစေ။
တမာ သရက်။ စိုက်ပျိုးဖက်က ၊ သရက် ပင်မင်း၊ ချိုခြင်း ကင်း၏။

วันจันทร์ที่ 20 มกราคม พ.ศ. 2557
ဖိုဝိုင် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ မြန်မာကျောင်း
ထိုင်းနိုင်ငံတောင်ပိုင်း စူရပ်ဌာနီခရိုင်၊စူရပ်ဌာနီမြို့ ဖိုဝိုင် ဘုန်တော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်
အရှင် ဇူ၈ျင် ဆူ၈ျင်နို အား မြန်မာနိုင်ငံ အလုပ်သမားသံမှူး ဦးကျော်ကျော်လွင် ၀င်ရောက်ဖူးမျှော်စဉ်။
ဖိုဝိုင်ကျောင်းအတွင်းဆောက်လုပ်နေသော မြန်မာကျောင်းအတွက် ဦးကျော်ကျော်လွင် မှ အလှူငွေထည့်ဝင်စဉ်။
ဒေါ်ရီရီခိုင် မှ မြန်မာကျောင်းအတွက်အလှူငွေ ထည့်ဝင်စဉ်။

วันเสาร์ที่ 11 มกราคม พ.ศ. 2557
မြန်မာအလုပ်သမား သား/သမီးများ ဘ၀အရည်အသွေးမြှင်တင်ရေး-
စူရပ်ဌာနီခရိုင်၊စူရပ်ဌာနီမြို့၊ ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းအတွင်း ဆောက်လုပ်နေသော မြန်မာကျောင်း အတွက် ဆွယ်ကိုတင်း၊၀ပ်ဆုန်ကျောင်းတိုက် ဆရာတော် ဦးကောဝိတ (ဓမ္မာစရိယ) မှ အလှူငွေ 5000-ဘတ်
ထည့်ဝင်လှူဒါန်းစဉ်။(12-1-2014)
ဆရာတော် ဦးကောဝိတ(ဓမ္မာစရိယ)၊ ဦးလှဦး၊ ဦးခင်မောင်ဦးတို့နှင့် အတူ။
မြန်မာကျောင်း(ဘ၀အရည်အသွေးမြှင့်တင်ရေးဌာန) ဆောက်လုပ်ရာတွင် မြန်မာအလုပ်သမားများရုံးခမ်း
အတွက် TBH စက်ရုံမှ စုပေါင်း အလှူငွေ ထည့်ဝင်လှူဒါန်းစဉ်။
မြန်မာကျောင်းဆောက်လုပ်နေမှု့(12.1.2014)နေ့အထိ နောက်ဆုံးခြေအနေ။
ထည့်ဝင်လှူဒါန်းစဉ်။(12-1-2014)
ဆရာတော် ဦးကောဝိတ(ဓမ္မာစရိယ)၊ ဦးလှဦး၊ ဦးခင်မောင်ဦးတို့နှင့် အတူ။

အတွက် TBH စက်ရုံမှ စုပေါင်း အလှူငွေ ထည့်ဝင်လှူဒါန်းစဉ်။
မြန်မာကျောင်းဆောက်လုပ်နေမှု့(12.1.2014)နေ့အထိ နောက်ဆုံးခြေအနေ။
วันพุธที่ 8 มกราคม พ.ศ. 2557
ရွေ့ပြောင်းအလုပ်သမားဆိုသည်မှာ-
ထိုင်းနိုင်ငံအတွင်းရွေ့ပြောင်းအလုပ်သမား(၃)သန်းကျော်ရှိသည်ဟုအလုပ်သမားအဖွဲ့အစည်းအသီးသီးက
စာရင်းပြုစုထားကြသည်။ ထိုရွေ့ပြောင်းအလုပ်သမားများ၏ သုံးပုံ နှစ်ပုံသည် မြန်မာအလုပ်သမားများဖြစ်
နေကြသည်။ ထိုအခါတွင် မြန်မာရွေ့ပြောင်းအလုပ်သမားများ တရားဝင်သက်သေခံအထောက်အထားများ
ရရှိနိုင်ရေး၊ ထိုင်းဥပဒေကိုလေးစားလိုက်နာရေး၊ အလုပ်သမားအခွင့်အရေး ရရှိရေးတို့အတွက် သိနားလည်သူတို့က မသိနားမလည်သူကိုပြောရပေမည်၊ ဥပဒေတွင်မသိ၍ ပြစ်မှု့ကျူးလွန်လျှင်လည်းအပြစ်
ရှိပါသည်။ ထိုအခါ သိနားလည်သင့်သည်ကို သိနားလည်ထားစေရန် မြန်မာရွေ့ပြောင်းအလုပ်သမားများ
အား ရှင်းပြပြောကြားပေးရန် နိုင်ငံသားတိုင်းဆောင်ရွက်ပေးနိုင်ရန်လိုအပ်နေပါသည်။
မြန်မာအလုပ်သမားများအတွက်-
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအတွက် မိမိ စွမ်းနိုင်သည့်ဖက်မှဆောင်ရွက်ပေးကြရန်မှာ မြန်မာ
လူမျိုးတိုင်းတာဝန်ရှိပါသည်။ အလုပ်သမားများအရေးကိုနှစ်ပေါင်းများစွာကူညီစောင့်ရှောက်နေသော ၀တ်တလုံးကျောင်းမှဆရာတော် ဦးဇောတိက က သံရုံးကဖွဲ့စည်းတဲ့ကော်မတီမှာ ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ ဒုက္ခရောက်တဲ့မြန်မာရွေ့ပြောင်းအလုပ်သမားတွေကိုကူညီနေမှာပါ ဟု
ပြောခဲ့ဘူးပါသည်။
ညောင်သီးလည်းစား----
ရာဘာစက်ရုံတရုံတွင် အလုပ်သမားများအား အလုပ်သမား တာဝန်-ရပိုင်ခွင့်များရှင်းပြစဉ်။
ပင်လယ်စာစက်ရုံတွင် မြန်မာအလုပ်သမားများ။
ထိုင်းနိုင်ငံအတွင်း မိမိတို့ ၀မ်းရေးအတွက် အလုပ်လုပ်ကိုင်နေကြသောမြန်မာများအနေနှင့် စားသတိ၊သွားသတိ ရှိစေလိုပါသည်။ထိုပြင် ထိုင်းနိုင်ငံဥပဒေကိုလည်းလေးစားလိုက်နာစေလိုပါသည်။ အခြေအနေအရပ်ရပ်များကြောင့် တပါးနိုင်ငံတွင်နေကြရသော်လည်း မြန်မာလူမျိုး၏ ယိုင်းပင်စိတ်၊ကူညီစိတ်
ဘာသာတရားကိုင်းရှိုင်းစိတ်တွေကို မမေ့ပျောက်ကြစေလိုပါ။ စိတ်ပေါင်း ကိုယ်ခွါမိတ်ဆွေ၊ကိုယ်ပေါင်းစိတ်
ခွါမိတ်ဆွေ၊စိတ်ရောကိုယ်ပါပေါင်းရသောမိတ်ဆွေ၊စိတ်ရောကိုယ်ပါမပေါင်းရသောမိတ်ဆွေများကို ခွဲခြား
ပေါင်းနိုင်စေဖို့လည်းအသိပေးစေလိုပါသည်။ အများထဲမှ အလွယ်ဆုံးဖြစ်ရပ်မှန်လေးကိုပြောပါရစေ။
ဘိန်းစာရွက်ပြုတ်သောက်နည်းကို ဥပဒေကိုင်တဲ့သူက မြန်မာအလုပ်သမားက သင်ပေးတယ်၊ပြီးရင် သူကိုယ်
တိုင်လည်းသောက်တယ်၊ မြန်မာတွေကိုလည်း အတင်းသောက်စမ်းကြည့်စေတယ်။ ဒီနေရာမှာ ဥပဒေအရ
ပြစ်မှု့မြောက်နေတာကိုသိပြီး ရှောင်နိုင်ပါရက်နှင့် အဲဒီဥပဒေကိုင်တဲ့သူနဲ့သောက်စားရတာကြောင့် မြန်မာ
အလုသမားဘ၀ကိုမေ့သွားကြတဲ့သူတွေဟာ- နောက်ဆုံးမှာ အဲဒီသူ သတင်းပေးမှု့ကြောင့် မြန်မာတွေ
အဖမ်းခံရပါတယ်၊ ဘတ်ငွေ သောင်း၈ဏန်းချီ ပေးနိုင်သူကလွတ်ပေမဲ့ ကျန်သူတွေထောင်နန်းစံနေရပါတော့တယ်။
ဒါကြောင့်ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သားများအနေနှင့် ညောင်သီးလည်းစား
လေးညှို့သံလည်းနားထောင်ကြစေပါကြောင်း----

วันจันทร์ที่ 6 มกราคม พ.ศ. 2557
မြန်မာနိုင်ငံအလုပ်သမားဝန်ကြီး ဦးအောင်ကြည်
မြန်မာနိုင်ငံအလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊သံမှူးကြီး ဦးမျိုးတင့် တို့နှင့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားမျာဒအရေးဆွေးနွေးကြစဉ်၊
သမ္မတကြီး ဦးသိန်းစိန် ၏အလှူ
ကျနော်ဇာတိမြို့ ရွေမြင်တင် စေတီတော်တွင် နိုင်ငံတော် သမ္မတကြီးဦးသိန်စိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်း မိသားစု
လှူဒါန်းထားသော ဘုရားပုံ။
วันอาทิตย์ที่ 5 มกราคม พ.ศ. 2557
အာစီယံ နိုင်ငံများဆိုသည်မှာ အပြန်အလှန်-
Tapee တက္ကသိုလ်မှသံဃာတော်နှင့် ဆရာ/ဆရာမ များအား မြန်မာစာသင်ကြားပေးစဉ်။
ကျောင်းသား/ကျောင်းသူများအား မြန်မာစာသင်ကြားပေးစဉ်။
မြန်မာအလုပ်သမား သား/သမီများ အတွက် သင်ကြာနိုင်ရန်မြန်မာ အလုပ်သမားများစုပေါင်း၍
မြန်မာကျောင်းဆောက်လုပ်ပြီးစီးနေမှု့အခြေအနေ။
မြန်မာအလုပ်သမား သား/သမီများ အတွက် သင်ကြာနိုင်ရန်မြန်မာ အလုပ်သမားများစုပေါင်း၍
မြန်မာကျောင်းဆောက်လုပ်ပြီးစီးနေမှု့အခြေအနေ။
ကလေးများအခွင့်အရေးကိုအလေးထား-
(၁)ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင် ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဆောက်လုပ်နေသော
မြန်မာကျောင်း ၏နောက်ဆုံးအခြေအနေ။
(၂) ပိုကက်မြို့ မြန်မာလုပ်ငန်းရှင် ဦးကြည်ညွန့် မှ ကျောင်းဆောက်လုပ်မှု့အတွက် ငွေလှူဒါန်းစဉ်။
(၃) ကျောင်းဆောက်လုပ်ရေးကော်မတီအဖွဲ့ ပိုကက်မြို့ရောက်စဉ် အမှတ်တရ။
สมัครสมาชิก:
บทความ (Atom)