วันพฤหัสบดีที่ 23 มกราคม พ.ศ. 2557

မျိုးဆက်သစ်များအရေး-မမေ့ကြစေရေး-

 ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများတို့-
လူသားတိုင်းဟာ လူရယ်လို့ဖြစ်လာကတည်းက
တာဝန်ကိုယ်စီ ပါလာကြပါတယ်။ မသိ၍ဖြစ်စေ
ဆန်းစစ် သိရှိ၍ဖြစ်စေ ထိုတာဝန်ကို လူတိုင်းထမ်း
ဆောင်ကြခြင်းသည် လူသားပင်ဖြစ်သည်။ လူသား
တဦးအနေဖြင့်  ကောင်း/ဆိုးများကိုဆောင်ရွက်နေကြသည်။ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည်လည်း လူအများ
၏ ချီးမွမ်းခြင်း/ကဲ့ရဲ့ခြင်းများကို ခံရစမြဲသာဖြစ်သည်။  အများက ချီးမွမ်းသည်ဖြစ်စေ ။ကဲ့ရဲ့သည်ဖြစ်စေ။ ထိုလူ
သားသည် လူသားတဦး၏တာဝန်ကိုထမ်းဆောင်ခြင်းပင်၊ ဆောင်ရွက်မှု့ ကောင်းမွေ၊ဆိုးမွေများကလည်း
ထိုလူသား၏သမိုင်းမှတ်ကျောက်တခုသာဖြစ်
ရပေသည်။
    မိမိတို့သား/သမီးများကို နံက်အိပ်ယာထလျှင်
မိမိအိပ်ယာ၊ မိမိသိမ်းဆည်းရန်အတွက် မိဘများ
က သွန်သင်ညွှန်ကြားပါသလား ဟု မေးလိုပါသည်။
ထိုသို့ပြုခြင်းမှာ သား/သမီးဖြစ်ကြသော လူသား
ကလေးများ၏တာဝန်ကို ကောင်းသည့်ဘက်သို့
မိဘများက ညွှန်ပြခြင်း သာဓက တခုပင်။
သားသမီးအနေနှင့်လည်း မိမိနေစဉ်အိပ်ရသော
 နေရာတွင် အိပ်ယာအိပ်ခင်း သန့်ရှင်းစင်ကြယ်
သည့်အပြင်  အမြဲတမ်းအိပ်ယာအပေါ် တွင် အမြတ်တနိုး တန်ဖိုးထားစိတ်များကိုဖြစ်ပေါ်စေနိုင်
မည်။ ထိုမှတဆင့် လူသားတဦး၏တာဝန်ကို ကောင်း
သည့်ဘက်တွင် ထမ်းဆောင်တတ်ခြင်းဆိုသော
အလေ့အထ ကိုလည်းရနိုင်ပေမည်။
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသောနိုင်ငံ
ဖြစ်သည်။သို့သော် ထို သယံဇာတများကို စီမံခန့်ခွဲ
ကြမည့် မြန်မာမျိုးဆက်သစ်များကို ထူထောင်ပေး
 ရန်  တံခါးဖွင့်ဝါဒ ကျင့်သုံးလာနေသော မြန်မာပြည်
တွင် အရေးတကြီးတာဝန် ပေါ်ပေါက်နေပြီဖြစ်ပါ
သည်။
လူ့ဘ၀မှာ- အရေးအကြီးဆုံး(၂)ခုဘဲရှိတယ်
(၁) ကိုယ်ကျင့်တရား (၂) အမှန်တရားကိုမြတ်နိုးမှု့
ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း ကပြောခဲ့ဘူးပါသည်
      အထက်ပါအချက်များကို မျိုးဆက်သစ်များ ရင်တွင်းအသိဖြစ်လာအောင်ပျိုးထောင်ပေးရန်ကို
အလေးထားဘို့လိုပါသည်။
 အနာ၈တ်ကောင်း ကို လူတိုင်းလူတိုင်း ရယူလိုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော်
ထိုအနာ၈တ် ကောင်းကျိုးရလဒ်အတွက်အတိတ်မှ
ဖြစ်ရပ်များကိုသုံးသပ်ပြီး၊  ပစ္စုပန်တွင် မှန်ကန်စွာ
ကျိုးစားဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟူသော
အချက်ကိုလည်း မေ့မထားသင့်ပေ။ ထိုအတူ ရှေးပညာရှိကြီးများ၏ အောက်ပါအဆိုအမိန့်ကိုလည်း လေ့လာမှတ်သားကျင့်ကြံနိုင်ကြပေါစေ။
       တမာ သရက်။ စိုက်ပျိုးဖက်က ၊ သရက် ပင်မင်း၊ ချိုခြင်း ကင်း၏။    

ไม่มีความคิดเห็น:

แสดงความคิดเห็น