ရာဘာစက်ရုံတရုံတွင် အလုပ်သမားများအား အလုပ်သမား တာဝန်-ရပိုင်ခွင့်များရှင်းပြစဉ်။
ပင်လယ်စာစက်ရုံတွင် မြန်မာအလုပ်သမားများ။
ထိုင်းနိုင်ငံအတွင်း မိမိတို့ ၀မ်းရေးအတွက် အလုပ်လုပ်ကိုင်နေကြသောမြန်မာများအနေနှင့် စားသတိ၊သွားသတိ ရှိစေလိုပါသည်။ထိုပြင် ထိုင်းနိုင်ငံဥပဒေကိုလည်းလေးစားလိုက်နာစေလိုပါသည်။ အခြေအနေအရပ်ရပ်များကြောင့် တပါးနိုင်ငံတွင်နေကြရသော်လည်း မြန်မာလူမျိုး၏ ယိုင်းပင်စိတ်၊ကူညီစိတ်
ဘာသာတရားကိုင်းရှိုင်းစိတ်တွေကို မမေ့ပျောက်ကြစေလိုပါ။ စိတ်ပေါင်း ကိုယ်ခွါမိတ်ဆွေ၊ကိုယ်ပေါင်းစိတ်
ခွါမိတ်ဆွေ၊စိတ်ရောကိုယ်ပါပေါင်းရသောမိတ်ဆွေ၊စိတ်ရောကိုယ်ပါမပေါင်းရသောမိတ်ဆွေများကို ခွဲခြား
ပေါင်းနိုင်စေဖို့လည်းအသိပေးစေလိုပါသည်။ အများထဲမှ အလွယ်ဆုံးဖြစ်ရပ်မှန်လေးကိုပြောပါရစေ။
ဘိန်းစာရွက်ပြုတ်သောက်နည်းကို ဥပဒေကိုင်တဲ့သူက မြန်မာအလုပ်သမားက သင်ပေးတယ်၊ပြီးရင် သူကိုယ်
တိုင်လည်းသောက်တယ်၊ မြန်မာတွေကိုလည်း အတင်းသောက်စမ်းကြည့်စေတယ်။ ဒီနေရာမှာ ဥပဒေအရ
ပြစ်မှု့မြောက်နေတာကိုသိပြီး ရှောင်နိုင်ပါရက်နှင့် အဲဒီဥပဒေကိုင်တဲ့သူနဲ့သောက်စားရတာကြောင့် မြန်မာ
အလုသမားဘ၀ကိုမေ့သွားကြတဲ့သူတွေဟာ- နောက်ဆုံးမှာ အဲဒီသူ သတင်းပေးမှု့ကြောင့် မြန်မာတွေ
အဖမ်းခံရပါတယ်၊ ဘတ်ငွေ သောင်း၈ဏန်းချီ ပေးနိုင်သူကလွတ်ပေမဲ့ ကျန်သူတွေထောင်နန်းစံနေရပါတော့တယ်။
ဒါကြောင့်ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သားများအနေနှင့် ညောင်သီးလည်းစား
လေးညှို့သံလည်းနားထောင်ကြစေပါကြောင်း----
ไม่มีความคิดเห็น:
แสดงความคิดเห็น